လမင်းငယ် ( ကြုံတွေ့ခဲ့ရသော ဘဝ စာမျက်နှာများ)

တိမ်တိုက် May 28, 2025

Filed under: ကဗ်ာ — လမင်းငယ် @ 2:13 am

လေနှင်ရာရွေ့လျားနေတဲ့တိမ်တိုက်လေးရေ…
နင့်ဘဝရဲ့ တည်ငြိမ်ခြင်းအတွက်
နင် ဘာတွေပြင်ဆင်နေလဲ…
ဦးတည်ရာမဲ့လွင့်မျောနေတဲ့
နင့်ဘဝလေးမှာ နင်ပျော်နေပြီလား
နင့်ရဲ့အနာဂတ်လှပခြင်းအတွက်
နင် မတွေးတော့ဘူးလား
အားလုံးကပြောနေကြပြီ..
နင့်အတွက် ရင်လေးမိတယ်တဲ့…
ဒါပေမဲ့
ငါကတော့ နင့်ကို အားကျမိပါရဲ့..
နင့်မှာ တည်ငြိမ်ခြင်းဆိုတာ
နင့်ရဲ့အဘိဓာန်ထဲမှာ မပါဘူးလေ
နင့်ရဲ့အနာဂတ်ဆိုတာ မရှိဘူးလေ…
နင့်အတွက်စိုးရိမ်နေတဲ့ သူတွေကိုတောင်
နင် ဟားတိုက်ရီနေမှာ မဟုတ်လား
တိမ်တိုက်လေးရေ…
ငါလေ…

တစ်ခါတလေတာ့လည်း အားကျမိပါရဲ့…

 

ချစ်မိတဲ့အခါ… May 1, 2022

Filed under: 1 — လမင်းငယ် @ 11:30 pm

ကယ်ချစ်မိတဲ့အခါ…….
သူ့ကို တကယ်ချစ်မိတဲ့အခါ. . . . . . . .. .
. . . . . . . . .
. . . . . . . . .
. . . . . .
သူ ဆိုတာ တွေးလိုက်ရုံနဲ့ ငါ့ ရင်ထဲ ကြည်နူးမိသွားတယ်.
ငါ ဘာလုပ်နေတာလဲဆိုတာ
ထက် သူ ဘာလုပ်နေလဲ အဆင်ကောပြေရဲ့လားဆိုတာကို အရင်တွေးမိသွားတယ်.
မိုးတွေအရမ်းရွာတဲ့အခါ ငါက လုံခြုံတဲ့ အမိုးအကာအောက်မှာရှိနေပေမဲ့ သူကော မိုးရေထဲမှာလား ချမ်းနေမလားလို့ တွေးပူမိသွားတယ်. .
သူ ငါ့ဆီ message လေး မပို့တဲ့အခါ ငါ့ဆီ message လေး ဘာလို့မပို့တာလဲဆိုတာထက် ငါ သူ့ကိုဘယ်လို message လေးပို့ပေးလိုက်ရင် သူ ပျော်
သွားမလဲ လို့ တွေးမိသွားတယ်. .
သူ ph မဆက်တဲ့အခါ သူ အလုပ်များနေလို့ ph မဆက်တာပဲဆိုတာထက် ငါ ph ဆက်ရင် သူ့အတွက် အနှောင့်ယှက်ဖြစ်နေမှာပဲလို့
တွေးမိသွားတယ်. .
ငါ သူ့ကို သတိရတယ်ဆိုတာ
ထက် သူ ငါ့ကို သတိရလို့သူ့
အလုပ်တွေမပျက်ပါစေနဲ့လို့
ဆုတောင်း ပေးမိတယ်. . .
ငါ သူ့ကို တွေ့ချင်လိုက်တာ
ဆိုတာထက် သူ လည်းငါ့ကို
တွေ့ချင်လို့ စိတ်အနှောင့်
ယှက်ဖြစ်တော့မှာပဲလို့ တွေး
ပူမိသွားခဲ့တယ်. .
သူ့ ကြောင့်ဆိုတာထက် ငါ့
ကြောင့် သူ မခံစားရပါစေနဲ့
လို့ ဆန္ဒပြုမိတယ်. .
သူ့အပေါ် တကယ်ချစ်မိတဲ့အခါ. .
အတ္တ ဆိုတာ မရှိတော့ဘူး. .
မာန ဆိုတာ လွင့်စင်သွားတယ် သူ့ကို အတွေးနဲ့မြင်ယောင်
လိုက်ရုံနဲ့ ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်ကြားခဲ့ရတယ်. .
သူ့ကို လွမ်းဆွတ်မှုကြောင့်
ပူနွေးတဲ့မျက်ရည်လေးတွေ
ငါ့ ပါးပြင်ကို စိုစွတ်စေခဲ့တယ်
သူ့ကို တကယ်ချစ်တဲ့အခါ
သူ့ ဆီက ရယူမှုထက် ကိုယ့်
ဖက်က ဘာပေးဆပ်ရမလဲ
ဆိုတာပဲ တွေးမိသွားတယ်. .
သူ့ကို တကယ်ချစ်မိတဲ့အခါ
သူ သူ ဆိုတာနဲ့ ငါ ဆိုတာ
တောင် မေ့သွားခဲ့တယ်
ချစ်သူရယ်. . ငါ ကိုယ်တိုင်
တောင်မသိသေးတဲ့ ချစ်ခြင်း နဲ့ နင့်အပေါ် ရင်ခုန်မြတ်နိုး
စွာ ချစ်နေမိတယ် ဆိုတာ. .
အဝေးတစ်နေရာမှ ချစ်သူရေ.
ငါ ချစ်ရတဲ့ ချစ်သူ. .
ပျော်ရွှင်ပါစေ.
အဆင်ပြေပါစေ. . .

 

တကယ္ခ်စ္မိတဲ့အခါ……. October 9, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 1:32 am
 

ရတာထက် ပိုလိုချင်မိတဲ့အခါ…. September 4, 2013

Filed under: ဘာသာပြန် — လမင်းငယ် @ 4:41 am

2.   ရတာထက် ပို လိုချင်မိတဲ့အခါ. .
. . . . . .
. . . . . . . . .
. . . . . . . . .
တစ်ခါက ဆေးရုံတခုရဲ့ အထူးခန်းမှာ အတူတက်နေတဲ့ လူနာနှစ်ယောက်ရှိခဲ့တယ်. .သူတို့နှစ်ယောက်စလုံးက နှလုံးရောဂါနဲ့ နောက်ဆုံးအခြေနေကို ရောက်နေတဲ့သူတွေပါ. .သေမင်းခေါ်မဲ့အချိန်ကို အသင့်စောင့်ဆိုင်းနေတဲ့သူတွေပေါ့. . Oxygen ပိုက် ကိုယ်စီနဲ့. . .အဲဒီအခနိးရဲ့ ပြတင်းပေါက်ကုတင်နားမှာကျတဲ့လူနာက သူ့အခန်းဖော်ကို အမြဲစကားပြောပေးတယ်. .ပြတင်းပေါက်ရဲ့ အပြင်ဖက် သူမြင်မြင်သမျှ အရာတွေကိုပေါ့.. ” သူငယ်ချင်းရေ. .ဒီနေ့ ရာသီဥတုကတော့ အရမ်းသာယာတယ်ကွာ. .ကလေးတွေလည်း ဆော့ကစားနေလိုက်ကြတာ. .ပန်းပွင့်လေးတွေလည်း အရမ်းလှတာပဲ. .ကောင်းကင်ကြီးက ပြာလဲ့လို့နေတယ်. .တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်ကွာ”
” သူငယ်ချင်းရေ. .ဒီနေ့တော့ ရာသီဥတုက အုံ့မှိုင်း မှိုင်းနဲ့ကွ. .ဒါပေမဲ့လည်း တမျိုးသာယာပါတယ်လေ. . ”
ဆိုပြီး တစ်နေ့မြင်တွေ့သမျှကို ဖွဲ့နွဲ့ပြောပြပေးတယ်. .သူ့အခန်းဖော်ကလည်း သူ ကိုယ်တိုင်မမြင်တွေ့ရပေမဲ့လည်း စိတ်ကူးပုံဖော်ပြီး ကြည်နူးရတာပေါ့. .ဒါပေမဲ့ ကြာလာတော့ နားထောင်နေရတဲ့လူနာက သူ့အခန်းဖော်ပြောပြတာကို အားမရတော့ပဲ သူကိုယ်တိုင်တွေ့မြင်ချင်စိတ်တြွေပင်းပြလို့လာပါရော. .ဒါနဲ့ သူဘယ်လိုမြင်ရအောင်လုပ်ရမလဲဆိုတာကို အကြံထုတ်တော့တယ်. .နောက်ဆုံးတော့ သူ အကြံရသွားခဲ့တယ်. .တစ်ညမှာတော့ တဖက်လူနာ အိပ်ပျော်နေခိုက် လူနာဆီသွားပြီး သူ့ရဲ့ Oxygen ပိုက်ကိုဖြုတ် သူ့ရဲ့ ရှိသမျှအားလေးကိုသုံးပြီး လည်ပင်းညစ်သတ်လိုက်တယ်. .တခဏတွင်းချင်းမှာပဲ ထိုလူနာသေဆုံးသွားတော့တယ်. .သူလည်း သူ့ကုတင်သူပြန်လာပြီး မနက်ရောက်ရင်တော့ဖြင့် ပြတင်းပေါက်နားက ကုတင်ကို သူပြောင်းပြီး မြင်တွေ့ရတော့မဲ့ ရှုခင်းတွေအတွက် ပျော်နေတော့တယ်. . မနက်မိုးလင်းတော့ သေဆုံးသွားတဲ့လူနာ အလောင်းကို လာသယ်ကြတာပေါ့. .အဲဒီတော့ သူက ချက်ချင်းပဲ ဆရာမတွေကို အဲဒီကုတင်ပြောင်းပေးပါဆိုပြီး တောင်းဆိုလိုက်တယ်. .ဆရာမတွေလည်း ပြောင်းပေးလိုက်တယ်. .သူလည်း ဝမ်းသာအားရ မျှော်လင့်တကြီးနဲ့ ပြတင်းပေါက်ရဲ့ အပြင်ဖက်ကို ကြည့်လိုက်တော့တယ်. .ချက်ချင်းဆ်ိုသလို သူ့ မျက်နှာမှာသွေးမရှိတော့ပဲ နောင်တကြီးစွာရပြီး အဲဒီနေရာမှာပဲ လဲကျ သေဆုံးသွားတော့တယ်. .သူမြင်လိုက်တဲ့အရာက သူမျှော်လင့်ထားသလို သူ့ သူငယ်ချင်းအခန်းဖော် နေ့စဉ်ပြောပြပေးနေတဲ့ သာယာလှပတဲ့မြင်ကွင်း လုံးဝမဟုတ်ပဲ မှောင်မည်းနေတဲ့ နရံကြီးတစ်ချပ်ကိုသာ မြင်တွေ့လိုက်ရတယ်. .တကယ်လို့သူသာ ရသင့်တာထက် ပို မလိုချင်ခဲ့ရင် သူ့သူငယ်ချင်းလည်း သေမှာမဟုတ်သလ်ု သူလည်း သာယာလှပတဲ့ရှုခင်းတွေကို စိတ်ကူးနဲ့မြင်တွေ့နိုင်အုံးမှာလေ. . .ဒီလိုပါပဲ တစ်ခါတရံလူတွေမှာ ရတာထက်ပိုပြီးလိုချင်လောဘတက်ခဲ့မိရင် ဆင်ခြင်တုံတရား အသိတရားတွေဟာ တဒင်္ဂပျောက်ဆုံးသွားပြီး ကြီးမားတဲ့ မဟာအမှားများကို ပြုလုပ်မိတတ်ကြပါတယ်. .စိတ်. . စိတ်ဆိုတာ အင်မတန်မြန်ပြီး အလွန်တရာမှ ကြောက်စရာကောင်းလှပါတယ်. .. . ဒါကြောင့် မတော်လောဘ မကောင်းတဲ့စိတ်လေးတွေကို အတတ်နိုင်ဆုံးရှောင်ရှားရင်းးးး
(ဆီလျော်အောင် ဘာသာပြန်ထားခြင်းသာ. . .)
လမင်းငယ်

(more…)

 

ကျွန်မနဲ့ အလွဲ အနည်းငယ် ..

Filed under: 1,အေတြ႔အၾကံဳေလးမ်ား — လမင်းငယ် @ 4:38 am

3.

ဒီမနက် သူငယ်ချင်းတစ်ယောက်ဆီ ph ဆက်တော့ သူက အိပ်ချင်မူးတူး အသံနဲ့ ၁၀ နာရီကျော်နေပြီ. .အဲဒါနဲ့ ကျောင်းမသွားဘူးလားဆိုတော့ သူက ကျောင်းသွားလို့မရဘူးလေ ဒီနေ့စနေနေ့ တဲ့. . အော် ဟုတ်လား အင်း date တွေလည်းပျောက်နေပါပြီဆိုပြီး စိတ်ထဲကနေ ဒီနေ့ စနေနေ့ဆိုပြီး မှတ်ထားလိုက်တယ်. . အဲ ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ အသိ အကိုတစ်ယောက် ရောက်နေတယ်. .သူကရုံးပြေးနေကျလေ. .အဲဒါနဲ့ ‘ ဟေးး တို့အကို ရုံးပြေးပြန်ပြီလား. .ရုံးမတက်ဘူးလား ဆိုတော့ သူက တချက်ကြောင်ကြည့်ပြီး ငါ့ညီမ ဒီနေ့ စနေနေ့လေ. .အော် ဟုတ်သားဆိုပြီး ခုနကပဲတခါမှတ်ထားပြီးသားကိုဆိုပြီး ကိုယ့်ကိုယ်ကို မတင်မကျဖြစ်မိတယ်. .ဒါနဲ့ သူနဲ့ စကားပြောနေတုန်း အိမ်မှာ အဝတ်လာလျှော်ပေးတဲ့ဒေါ်ပု ဆိုတဲ့ အဒေါ်ီလာတာကိုတွေ့လိုက်တယ်. . သူက နှစ်လုံးထီအရမ်း ဝါသနာပါတာလေ. .အဲဒါ နောက်ချင်ဇောနဲ့ ဒေါ်ပု ညက အိမ်မက်မက်တယ် ၃ တစ်လုံးကျိနိးသေပဲ ပတ်လိုက်တော့ များများသာ အောလိုက် ဆိုတော့ ဒေါ်ပုက ဟဲ့ ကလေးမ ဒီနေ့ စနေနေ့ နှစ်လုံးမထွက်ဘူး တဲ့ . . .အော် ဟုတ်သားးး စနေနေ့ . .ကိုယ့်ကိုယ်ကို တော်တော်မကျေနပ်ဖြစ်မိတယ်. .အဲလောက်တောင် မေ့ရလား ဆိုပြီးး.. . .စနေနေ့ စနေနေ့ ဆိုပြီး စိတ်ထဲမှာ အခါခါရွတ်နေမိတယ်. . ဒီလိုနဲ့ အိမ်က ကလေးတွေအသံတိတ်နေတော့ ယောင်းမကို မမ ဒီနေ့ စနေနေ့လေ ကလေးတွေကျောင်းပိတ်တယ်မဟုတ်လား သူတို့ကော ဆိုတော့ မမက ငါ့ညီမ ကလေးတွေကျောင်းသွားတယ်လေ ဝါတွင်း စနေနေ့လည်း ကျောင်းတက်ရတယ်လေ တဲ့.. .အော်. . လွဲပြီးရင်းလွဲနေဆဲပါလားနော်. . .ဟု သာ . . . . . .
ဦးနှောက်တွေလည်း ပျက်နေပါပီကော. . . . . .ီ

…………………
……………………
…………………
လမင်းငယ်…

 

 
Design a site like this with WordPress.com
Get started