လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

What do u feel that! May 18, 2010

Filed under: 1,အတွေးအပိုင်းစလေးများ — လမင်းငယ် @ 6:45 am

အလွန်ပူပြင်းတဲ့ နေရောင်အောက်မှာ လျှောက်လှမ်းနေရတဲ့လူတစ်ယောက်က မောပန်းနွမ်းနယ်ပြီး လောကကြီးကို စိတ်ပျက်နေမိတယ်…ခြေဦးတည့်ရာ လျှောက်လှမ်းရင်းနဲ့ပေါ့…
တစ်နေရာရောက်တော့ အလွန်တရာမှ အရိပ်အာဝါသကောင်းပြီး စားစရာသစ်သီးတွေနဲ့ ပြည့်နေတဲ့ သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရတယ်…သူ အရမ်း ၀မ်းသာသွားတာပေါ့..
သစ်ပင်ကြီးကလည်း ၀မ်းပမ်းတသာနဲ့ ခေါ်ယူ ကြိုဆိုတယ်လေ…အဲ သူကလည်း အဲဒီသစ်ပင်မှာပဲ တစ်သက်လုံး နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်…သစ်ပင်လေးကို ကရုစိုက် ပြုစုပေးရင်းနဲ့…သူ့မှာ စိတ်ကူးယဉ် မျှော်လင့်ချက်တွေ အပြည့်နဲ့…ပျော်ရွှင်မှုတွေ အပြည့်နဲ့ပေါ့…
အဲဒီလူကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး…
တစ်နေ့ ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခုက တိုက်ခိုက်ပြီး အဲဒီသစ်ပင်ကို အမြစ်ကနေ မကျန်အောင် တိုက်ခိုက်သွားခဲ့တယ်…သစ်ပင်ကြီးလည်း ထာဝရ လဲကျသေဆုံး သွားခဲ့ရတယ်…အဲဒီ လူတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို ခံစားပေးကြည့်ပါ…သူ ဘယ်လောက်တောင် ခံစားကြေကွဲရမလဲ…သူ့မှာ မျှော်လင့်ချက်တွေ တစ်စစီ ပျက်စီး ပြိုကွဲသွားရတာလေ….
ဖတ်ပြီးတော့ comment လေး ချန်ခဲ့ကြပါနော်…
လမင်းငယ်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s