– လောကမှာ လူတွေအားလုံးက ရုန်းကန်လှုပ်ရှားနေရတာပဲ..ကိုယ်တစ်ယောက်တည်း မဟုတ်တဲ့အတွက် အားငယ်စရာ မလိုပါဘူး…
– ကိုယ်ပြုလုပ်ခဲ့တဲ့အမှားတွေကို ပြန်တွေးကြည့်မိတော့ ဒါဟာ ငါလုပ်တာမှ ဟုတ်ရဲ့လားလို့ ပြန်စဉ်းစားခဲ့ရတယ် ….
– ပြုလုပ်ပြီးသားကိစတွေရဲ့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအတွက် နောင်တရနေစရာ မလိုပါဘူး…
– သင်ယူဆဲကာလမှာ ဆရာကို အာမခံပါနဲ့..တတ်မြောက်ပြီးကာလမှာ ဆရာကို ကျေးဇူးပြုပါ…
– လူတွေအားလုံးက မှန်တယ်ထင်လို့ လုပ်နေကြတာပဲ၊ မှားသွားတော့ မတတ်နိုင်ဘူး..အကောင်းဆုံးဖြစ်ချင်ကြတယ်..ဆိုးသွားတာတော့ ကံကြမာ လို့ ဆိုရမှာလား…
– နောက်လှည့်မကြည့်ပဲ ဆက်သွားမယ်ဆိုရင် အမှားကို မြင်မိမှာ မဟုတ်ဘူး..နောက်ကိုလှည့်ကြည့်မိရင်တော့ ရှေ့ဆက်လှမ်းဖို့ ခြေလှမ်းတွေ ရပ်ဆိုင်းသွားနိုင်တယ်…
Advertisements
ကောင်းပါတယ် ။နောက်ဆို ဟာသ လေးတွေ တင်ပေးပါအုံး ။ ဒီလို website ဖြစ်ဖို့ HTML တက် ရသေးဘလား ဆိုတာသိ ပါရစေ ။