လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

When he want more !ရ August 25, 2013

တစ်ခါက ဆေးရုံတခုရဲ့ အထူးခန်းမှာ အတူတက်နေတဲ့ လူနာနှစ်ယောက်ရှိခဲ့တယ်. .သူတို့နှစ်ယောက်စလုံးက နှလုံးရောဂါနဲ့ နောက်ဆုံးအခြေနေကို ရောက်နေတဲ့သူတွေပါ. .သေမင်းခေါ်မဲ့အချိန်ကို အသင့်စောင့်ဆိုင်းနေတဲ့သူတွေပေါ့. . Oxygen ပိုက် ကိုယ်စီနဲ့. . .အဲဒီအခနိးရဲ့ ပြတင်းပေါက်ကုတင်နားမှာကျတဲ့လူနာက သူ့အခန်းဖော်ကို အမြဲစကားပြောပေးတယ်. .ပြတင်းပေါက်ရဲ့ အပြင်ဖက် သူမြင်မြင်သမျှ အရာတွေကိုပေါ့.. ” သူငယ်ချင်းရေ. .ဒီနေ့ ရာသီဥတုကတော့ အရမ်းသာယာတယ်ကွာ. .ကလေးတွေလည်း ဆော့ကစားနေလိုက်ကြတာ. .ပန်းပွင့်လေးတွေလည်း အရမ်းလှတာပဲ. .ကောင်းကင်ကြီးက ပြာလဲ့လို့နေတယ်. .တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်ကွာ”
” သူငယ်ချင်းရေ. .ဒီနေ့တော့ ရာသီဥတုက အုံ့မှိုင်း မှိုင်းနဲ့ကွ. .ဒါပေမဲ့လည်း တမျိုးသာယာပါတယ်လေ. . ” 
ဆိုပြီး တစ်နေ့မြင်တွေ့သမျှကို ဖွဲ့နွဲ့ပြောပြပေးတယ်. .သူ့အခန်းဖော်ကလည်း သူ ကိုယ်တိုင်မမြင်တွေ့ရပေမဲ့လည်း စိတ်ကူးပုံဖော်ပြီး ကြည်နူးရတာပေါ့. .ဒါပေမဲ့ ကြာလာတော့ နားထောင်နေရတဲ့လူနာက သူ့အခန်းဖော်ပြောပြတာကို အားမရတော့ပဲ သူကိုယ်တိုင်တွေ့မြင်ချင်စိတ်တွေပြင်းပြလို့လာပါရော. .ဒါနဲ့ သူဘယ်လိုမြင်ရအောင်လုပ်ရမလဲဆိုတာကို အကြံထုတ်တော့တယ်. .နောက်ဆုံးတော့ သူ အကြံရသွားခဲ့တယ်. .တစ်ညမှာတော့ တဖက်လူနာ အိပ်ပျော်နေခိုက် လူနာဆီသွားပြီး သူ့ရဲ့ Oxygen ပိုက်ကိုဖြုတ် သူ့ရဲ့ ရှိသမျှအားလေးကိုသုံးပြီး လည်ပင်းညစ်သတ်လိုက်တယ်. .တခဏတွင်းချင်းမှာပဲ ထိုလူနာသေဆုံးသွားတော့တယ်. .သူလည်း သူ့ကုတင်သူပြန်လာပြီး မနက်ရောက်ရင်တော့ဖြင့် ပြတင်းပေါက်နားက ကုတင်ကို သူပြောင်းပြီး မြင်တွေ့ရတော့မဲ့ ရှုခင်းတွေအတွက် ပျော်နေတော့တယ်. . မနက်မိုးလင်းတော့ သေဆုံးသွားတဲ့လူနာ အလောင်းကို လာသယ်ကြတာပေါ့. .အဲဒီတော့ သူက ချက်ချင်းပဲ ဆရာမတွေကို အဲဒီကုတင်ပြောင်းပေးပါဆိုပြီး တောင်းဆိုလိုက်တယ်. .ဆရာမတွေလည်း ပြောင်းပေးလိုက်တယ်. .သူလည်း ဝမ်းသာအားရ မျှော်လင့်တကြီးနဲ့ ပြတင်းပေါက်ရဲ့ အပြင်ဖက်ကို ကြည့်လိုက်တော့တယ်. .ချက်ချင်းဆိုသလို သူ့ မျက်နှာမှာသွေးမရှိတော့ပဲ နောင်တကြီးစွာရပြီး အဲဒီနေရာမှာပဲ လဲကျ သေဆုံးသွားတော့တယ်. .သူမြင်လိုက်တဲ့အရာက သူမျှော်လင့်ထားသလို သူ့ သူငယ်ချင်းအခန်းဖော် နေ့စဉ်ပြောပြပေးနေတဲ့ သာယာလှပတဲ့မြင်ကွင်း လုံးဝမဟုတ်ပဲ မှောင်မည်းနေတဲ့ နရံကြီးတစ်ချပ်ကိုသာ မြင်တွေ့လိုက်ရတယ်. .တကယ်လို့သူသာ ရသင့်တာထက် ပို မလိုချင်ခဲ့ရင် သူ့သူငယ်ချင်းလည်း သေမှာမဟုတ်သလ်ု သူလည်း သာယာလှပတဲ့ရှုခင်းတွေကို စိတ်ကူးနဲ့မြင်တွေ့နိုင်အုံးမှာလေ. . .ဒီလိုပါပဲ တစ်ခါတရံလူတွေမှာ ရတာထက်ပိုပြီးလိုချင်လောဘတက်ခဲ့မိရင် ဆင်ခြင်တုံတရား အသိတရားတွေဟာ တဒင်္ဂပျောက်ဆုံးသွားပြီး ကြီးမားတဲ့ မဟာအမှားများကို ပြုလုပ်မိတတ်ကြပါတယ်. .စိတ်. . စိတ်ဆိုတာ အင်မတန်မြန်ပြီး အလွန်တရာမှ ကြောက်စရာကောင်းလှပါတယ်. .. . ဒါကြောင့် မတော်လောဘ မကောင်းတဲ့စိတ်လေးတွေကို အတတ်နိုင်ဆုံးရှောင်ရှားရင်းးးး
(ဆီလျော်အောင် ဘာသာပြန်ထားခြင်းသာ. . .) 
လမင်းငယ်””
3 Likes
“”Like
“”Comment
“”Share
“”m

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s