လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

တကယ်ချစ်မိတဲ့အခါ……. October 9, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 1:32 am

သူ့ကို တကယ်ချစ်မိတဲ့အခါ. . . . . . . .. .
. . . . . . . . .
. . . . . . . . .
. . . . . .
သူ ဆိုတာ တွေးလိုက်ရုံနဲ့ ငါ့ ရင်ထဲ ကြည်နူးမိသွားတယ်.
ငါ ဘာလုပ်နေတာလဲဆိုတာ
ထက် သူ ဘာလုပ်နေလဲ အဆင်ကောပြေရဲ့လားဆိုတာကို အရင်တွေးမိသွားတယ်.
မိုးတွေအရမ်းရွာတဲ့အခါ ငါက လုံခြုံတဲ့ အမိုးအကာအောက်မှာရှိနေပေမဲ့ သူကော မိုးရေထဲမှာလား ချမ်းနေမလားလို့ တွေးပူမိသွားတယ်. .
သူ ငါ့ဆီ message လေး မပို့တဲ့အခါ ငါ့ဆီ message လေး ဘာလို့မပို့တာလဲဆိုတာထက် ငါ သူ့ကိုဘယ်လို message လေးပို့ပေးလိုက်ရင် သူ ပျော်
သွားမလဲ လို့ တွေးမိသွားတယ်. .
သူ ph မဆက်တဲ့အခါ သူ အလုပ်များနေလို့ ph မဆက်တာပဲဆိုတာထက် ငါ ph ဆက်ရင် သူ့အတွက် အနှောင့်ယှက်ဖြစ်နေမှာပဲလို့
တွေးမိသွားတယ်. .
ငါ သူ့ကို သတိရတယ်ဆိုတာ
ထက် သူ ငါ့ကို သတိရလို့သူ့
အလုပ်တွေမပျက်ပါစေနဲ့လို့
ဆုတောင်း ပေးမိတယ်. . .
ငါ သူ့ကို တွေ့ချင်လိုက်တာ
ဆိုတာထက် သူ လည်းငါ့ကို
တွေ့ချင်လို့ စိတ်အနှောင့်
ယှက်ဖြစ်တော့မှာပဲလို့ တွေး
ပူမိသွားခဲ့တယ်. .
သူ့ ကြောင့်ဆိုတာထက် ငါ့
ကြောင့် သူ မခံစားရပါစေနဲ့
လို့ ဆန္ဒပြုမိတယ်. .
သူ့အပေါ် တကယ်ချစ်မိတဲ့အခါ. .
အတ္တ ဆိုတာ မရှိတော့ဘူး. .
မာန ဆိုတာ လွင့်စင်သွားတယ် သူ့ကို အတွေးနဲ့မြင်ယောင်
လိုက်ရုံနဲ့ ကိုယ့်ရင်ခုန်သံကို
ကိုယ်ပြန်ကြားခဲ့ရတယ်. .
သူ့ကို လွမ်းဆွတ်မှုကြောင့်
ပူနွေးတဲ့မျက်ရည်လေးတွေ
ငါ့ ပါးပြင်ကို စိုစွတ်စေခဲ့တယ်
သူ့ကို တကယ်ချစ်တဲ့အခါ
သူ့ ဆီက ရယူမှုထက် ကိုယ့်
ဖက်က ဘာပေးဆပ်ရမလဲ
ဆိုတာပဲ တွေးမိသွားတယ်. .
သူ့ကို တကယ်ချစ်မိတဲ့အခါ
သူ သူ ဆိုတာနဲ့ ငါ ဆိုတာ
တောင် မေ့သွားခဲ့တယ်
ချစ်သူရယ်. . ငါ ကိုယ်တိုင်
တောင်မသိသေးတဲ့ ချစ်ခြင်း နဲ့ နင့်အပေါ် ရင်ခုန်မြတ်နိုး
စွာ ချစ်နေမိတယ် ဆိုတာ. .
အဝေးတစ်နေရာမှ ချစ်သူရေ.
ငါ ချစ်ရတဲ့ ချစ်သူ. .
ပျော်ရွှင်ပါစေ.
အဆင်ပြေပါစေ. . .

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s