လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

သူမရဲ့ သူမ….. September 4, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 3:54 am

သူမ ရဲ့ သူမ. . .
. . . . . .
. . . .
သူမ မူလဘဝ အစ. .
သူမ အမေက သူမကို မမွေးခင် Ultrasound ရိုက်ခဲ့တယ်. .
Ultrasound result က. .
‘အမေ အသက်ယူမလားး ကလေးအသက်ယူမလား တဲ့’
သူမ အဖေနဲ့ အားလုံးသော သူတွေက ဒုတိယမေးခွန်းကို ငြင်းလိုက်တယ်. . ဒါပေမဲ့လည်း သူမ ကံကောင်းထောက်မစွာ လောကကြီးထဲရောက်လာခဲ့တယ်. . ‘Ultrasound ကြည့်မှားခဲ့လို့’
ဒါပေမဲ့လည်းးး သူမ ကံဆိုးစွာ နှလုံးအားနည်းခြင်း ဆိုတဲ့ ရောဂါဆိုးတခု အပိုလက်ဆောင်လေး ပါလာခဲ့တယ်. . .
ဒီလိုနဲ့ သူမ ဘဝ အစ. .
အရုပ်တဖက် ဆေးတစ်ဆုပ်. .
‘ဒီအရုပ်လိုချင်ရင် ဒီဆေး သောက်ရမယ်’
ခါးသက်တဲ့ဆေးလုံးလေးတွေကို ကျိတိမှိတ်မြိုချ သူမ အရုပ်လေးရခဲ့တယ်. .
ဒီလိုနဲ့ သူမမှာ အရုပ်လေးပေါင်းများစွာ. . .
အရုပ်မလိုချင်တော့ဘူး ဆေးမသောက်ချင်တော့ဘူး သူမ ငြင်းဆိုတဲ့အခါ. .
‘အကျီ လှလှလေးဝယ်ပေးမယ်’
ဒီလိုနဲ့ သူမမှာ အကျီလှလှလေးပေါင်းများစွာ. .
ဒီလိုနဲ့ပဲ ကာလတွေကြာလာတဲ့အခါ
သူမ. . ငြင်းဆန်ရန် ခွန်အားမရှိတော့ပါ ဒီဆေးတွေက သူမ အသက်ဆိုတာ သူမ သိခဲ့တယ်လေ. . .
သူမ ဘဝ. .
လိုတိုင်း တ
တ တိုင်းရ အပူပင်ကင်းမဲ့ခဲ့တယ်. .
တခါတရံ ဝေဒနာဆိုး နှိပ်ဆက်မှုက လွဲရင်ပေါ့. . .
သူမ ဘဝ
ဆေးခန်းနဲ့ အိမ်ဦးကြမ်းပြင်
ခါးသီးလှတဲ့ ရောင်စုံ ဆေးလုံးလေးတွေကို အဖော်ပြုရင်းနဲ့ပေါ့. .
သူမဘဝမှာ သူမ အဖော်ဆိုလို့ စကားမပြောတတ်တဲ့ စာအုပ်လေးတွေနဲ့ သူမ ကို နှစ်သိမ့်မှုပေးနေတဲ့ သံစဉ်လေးတွေ. . .
သူမ ဘဝ. .
တခါတရံ သူမ အခန်းကျဉ်းလေးထဲမှာ လူမသိ ကျခဲ့ရတဲ့ မျက်ရည်ပေါင်းများစွာ. .
အများအမြင်မှာတော့. .
ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့. . .သူမ ဟန်ဆောင်ခြင်းအတတ်များစွာ. .ဒီလိုနဲ့ ဒီလို နဲ့. .
သူမ ရက် လ ပေါင်းများစွာကို ကျော်ဖြတ်ရင်းးးး
သူမ အတွက် မနက်ဖြန်ဆိုတာ မသေချာတဲ့အရာတခု. .
အနာဂတ်ဆိုတာ ဝေလာဝေး
ဒါပေမဲ့ သူမ ဒီနေ့ ဒီအချိန်လေးကိုတော့ ပိုင်ဆိုင်နေရတုန်းပါပဲ. . .
သူမ ဘဝ သူမလေ. . . .
သူမ အနှောင်ဖွဲ့များစွာထဲမှ လွတ်မြောက်ဖို့ ရုန်းကန်နေတုန်း . .
သူမ မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ ဆက်လျှောက်နေတုန်းးးး
သူမ အသည်းနုနုလေးလည်း ကွဲဖို့ ပြင်ဆင်နေတုန်း. . .
သူမ
သူမ…
. . . . . . . .
. . . . . . . .
. . . . . . . .သူမရဲ့သူမ

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s