လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

ကျွန်မနှင့် တလွဲ အနည်းငယ်… September 4, 2013

Filed under: 1,အတွေ့အကြုံလေးများ — လမင်းငယ် @ 4:38 am

ဒီမနက် သူငယ်ချင်းတစ်ယောက်ဆီ ph ဆက်တော့ သူက အိပ်ချင်မူးတူး အသံနဲ့ ၁၀ နာရီကျော်နေပြီ. .အဲဒါနဲ့ ကျောင်းမသွားဘူးလားဆိုတော့ သူက ကျောင်းသွားလို့မရဘူးလေ ဒီနေ့စနေနေ့ တဲ့. . အော် ဟုတ်လား အင်း date တွေလည်းပျောက်နေပါပြီဆိုပြီး စိတ်ထဲကနေ ဒီနေ့ စနေနေ့ဆိုပြီး မှတ်ထားလိုက်တယ်. . အဲ ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ အသိ အကိုတစ်ယောက် ရောက်နေတယ်. .သူကရုံးပြေးနေကျလေ. .အဲဒါနဲ့ ‘ ဟေးး တို့အကို ရုံးပြေးပြန်ပြီလား. .ရုံးမတက်ဘူးလား ဆိုတော့ သူက တချက်ကြောင်ကြည့်ပြီး ငါ့ညီမ ဒီနေ့ စနေနေ့လေ. .အော် ဟုတ်သားဆိုပြီး ခုနကပဲတခါမှတ်ထားပြီးသားကိုဆိုပြီး ကိုယ့်ကိုယ်ကို မတင်မကျဖြစ်မိတယ်. .ဒါနဲ့ သူနဲ့ စကားပြောနေတုန်း အိမ်မှာ အဝတ်လာလျှော်ပေးတဲ့ဒေါ်ပု ဆိုတဲ့ အဒေါ်ီလာတာကိုတွေ့လိုက်တယ်. . သူက နှစ်လုံးထီအရမ်း ဝါသနာပါတာလေ. .အဲဒါ နောက်ချင်ဇောနဲ့ ဒေါ်ပု ညက အိမ်မက်မက်တယ် ၃ တစ်လုံးကျိနိးသေပဲ ပတ်လိုက်တော့ များများသာ အောလိုက် ဆိုတော့ ဒေါ်ပုက ဟဲ့ ကလေးမ ဒီနေ့ စနေနေ့ နှစ်လုံးမထွက်ဘူး တဲ့ . . .အော် ဟုတ်သားးး စနေနေ့ . .ကိုယ့်ကိုယ်ကို တော်တော်မကျေနပ်ဖြစ်မိတယ်. .အဲလောက်တောင် မေ့ရလား ဆိုပြီးး.. . .စနေနေ့ စနေနေ့ ဆိုပြီး စိတ်ထဲမှာ အခါခါရွတ်နေမိတယ်. . ဒီလိုနဲ့ အိမ်က ကလေးတွေအသံတိတ်နေတော့ ယောင်းမကို မမ ဒီနေ့ စနေနေ့လေ ကလေးတွေကျောင်းပိတ်တယ်မဟုတ်လား သူတို့ကော ဆိုတော့ မမက ငါ့ညီမ ကလေးတွေကျောင်းသွားတယ်လေ ဝါတွင်း စနေနေ့လည်း ကျောင်းတက်ရတယ်လေ တဲ့.. .အော်. . လွဲပြီးရင်းလွဲနေဆဲပါလားနော်. . .ဟု သာ . . . . . .
ဦးနှောက်တွေလည်း ပျက်နေပါပီကော. . . . . .ီ

…………………
……………………
…………………
လမင်းငယ်…

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s