အလွမ်း
ထားခဲ့ရသူနဲ့ ကျန်ရစ်ခဲ့ရသူ..
ဘယ်သူက ပိုနာကျင်ရမလဲ..သေချာတာတစ်ခုကတော့ ကိုယ်စီရင်ထဲမှာ အလွမ်းဆိုတာတော့ ရှိနေမှာပါပဲ..
“ လွမ်းလိုက်တာ“ လို့ ရင်ထဲကထွက်ပေါ်လာတဲ့ မမြင်ရတဲ့ နက်ရှိုင်းတဲ့အရာတစ်ခု…အဲဒီအရာက အလွမ်း တဲ့..
ထားခဲ့ရတဲ့ မြို့လေးကို လွမ်းတယ်..
ထားခဲ့ရတဲ့ ငါ့ မိသားစုလေးကို လွမ်းတယ်…
အဲဒီမြို့မှာတည်ရှိတဲ့ လှပတဲ့ ငါတို့ ဘုရားကျောင်းကို လွမ်းတယ်..
အဲဒီမြို့ရဲ ငါ အလုပ်လုပ်ခဲ့တဲ့ ဆေးရုံကို လွမ်းတယ်..
တစ်နေ့ တစ်နေ့ ကလေးတွေကို လေ့ကျင့်ခန်းလုပ်ပေးရင်း လူကြီးလူနာတွေကို ကုသပေးရင်း ပျော်ရွှင်ရယ်မောခဲ့ရတဲ့ နာရီတိုင်း စက္ကန့်တိုင်း ကိုလွမ်းတယ်..
အချစ်ဆုံးသူငယ်ချင်းတွေကို လွမ်းတယ်…
အဲဒီမြို့လေးရဲ့ သာယာလှပတဲ့ စိတ်နှလုံးကို အေးမြစေတဲ့ နေညိုချိန် အလှနဲ့ တောင်ပေါ်တန်းကိုလွမ်းတယ်…
သန့်စင်တဲ့လေနဲ့ ရှူမငြီးတဲ့ရေပြင် လိုက်ဖက်ပြီး လှပနေတဲ့ ကမ်းနားလမ်း ညနေခင်းကို လွမ်းတယ်..
အဲဒီမြို့လေးမှာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်..
အဲဒါတွေကိုလွမ်းတယ်…
ပင်လယ်ကမ်းခြေ..
စက်စဲ တဲ့..
အဲဒီပင်လယ်မှာ ငါတို့အတူ ဆော့ခဲ့ဖူးကြတယ်..
သစ်ခေါင်းလေးထဲက ချိုမြတဲ့ ယမကာကို ခိုးသောက်ဖူးခဲ့တယ်..
သန့်စင်တဲ့ပင်လယ်လေကို လွတ်လပ်စွာ ရှိုက်ရင်း ဂစ်တာတစ်လက်နဲ့ သီချင်းတွေ သံပြိုင်သီဆိုရင်း ကိုယ်စီရင်ထဲက ခံစားချက်တွေကို ဖလှယ်ခဲ့ကြဖူးတယ်..ပင်လယ်ပြင်ကြီးက ငါ တို့ရဲ့ ရင်ဖွင့်သံကို ထောက်ခံအားပေးလို့…
လမင်းကြီးကလည်း ငါ တို့ကို ငုံ့ကြည့်ပြီး ပြုံးနေခဲ့လိမ့်မယ်….
သင်္ကြန်တဲ့…
ပူပြင်းခြောက်သွေ့တဲ့ နေပူပူကြီးထဲမှာ ကားမျိုးစုံ ဆိုင်ကယ် မျိုးစုံနဲ့ နေပူပူ ရေရွှဲရွှဲ သူများတကာတွေ လည်ပတ်ပျော်ရွှင်နေချိန်မှာ..
ငါတို့တွေကတော့ အေးမြတဲ့ အရိပ်အာဝါသအောက် လုံခြူံတဲ့ ဘုရားကျောင်း လှပတဲ့ တောင်တန်းတွေကာရံထားတဲ့နေရာ..
ဇွဲကပင်တောင်တည်ရှိရာ ရိုးသားလှတဲ့ ကရင်လူမျိုးစုလေးတွေရဲ့ ဌာနေ..နှုတ်သာ အသင်းတော်တဲ့..အဲဒီနေရာလေးမှာ ငါတို့တွေ အတူရှိခဲ့ပြီး အတူ ပျော်ခဲ့ဖူးတယ်နော်..သီချင်းဆိုရင်း ကျမ်းစာသင်ရင်း ..ပေါ့..အဲဒီတုန်းက ဇွဲကပင်တောင်ကြီးက ငါတို့နဲ့အတူ ပျော်နေခဲ့တယ်တဲ့…
ဒီဇင်ဘာလ…
ငါတို့တွေ သိပ်ပျော်ပြီး သိပ်အလုပ်ရှုပ်ခဲ့တဲ့ လလေးပေါ့..
ဆောင်းလေတွေရိုက်ခတ်မှုက ပတ်ဝန်းကျင်တွင်မကပဲ ငါတို့ရဲ့ နှလုံးသားတွေကိုပါ တိုက်ခတ်ခဲ့တယ်..ကိုယ်စီအေးမြခြင်းတွေနဲ့ပေါ့..
ခရစ်စမတ်သီချင်းလေးတွေ သံပြိုင်သီဆိုကြရပြီ..ဘုရားကျောင်း..သင်းအုပ်ဆရာအိမ်.ဆိုလိုက်ကြ ..စားလိုက်ကြ…ဒီလိုနဲ့..
နှင်းစက်တွေနဲ့အတူ..Carol Singing ထွက်ကြပါလေရော..
မှတ်မိပါသေးတယ်..အဲဒီတုန်းက ငါ တော်တော်လေး နေမကောင်းဖြစ်ခဲ့တာ..လူကြီးတွေ တားမြစ်တဲ့ကြားက မရ ရအောင်လိုက်ခဲ့တာ.. နောက်နေ့မှာတော့ဖြူဖြူဖွေးဖွေး Drip ပူလင်းေဲ့လးတန်းလန်းနဲ့…အိပ်ယာထက်မှာ ပလက်လေးနဲ့..ဒီလောက်လေးများဆိုပြီး အပြုံးမပျက်ခဲ့ပါဘူးနော်..24 ရက် ည ကိုလည်း မှတ်မိသေးရဲ့….သူငယ်ချင်းတွေနဲ့ မောင်လေး အားပြိုင်မှုမှာ ငါ သူငယ်ချင်းတွေဖက်က လိုက်ခဲ့လို့ မောင်လေးက စိတ်ဆိုးသွားခဲ့တာ..ငါ မှန်တယ်လို့ ခုထိ ခံယူတုန်း…အဲဒီညက ငယ်လေး လည်း အားကျမခံ ဆေးရုံလိုက်တက် ခဲ့တယ်..ခရစ်စမတ်မှာ သူ မပါဝင်နိုင်ခဲ့ဘူး..အဲဒီတော့ ငါတို့ရဲ ခရစ်စမတ်လေးက မဆိုစလောက်လေး အပျော်ပျက်ခဲ့ရသည်ပေါ့..
…….
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းခဲ့တယ်..
ငါတို့ရဲ့ သံယောဇဉ်တွေကတော့ မပြောင်းလဲပဲ ပိုမိုခိုင်မြဲလျှက်…
2012 ရဲ့ 1 လပိုင်းမှာပဲ..မမျှော်လင့်ပဲ အခြေနေတစ်ခုကြောင့် ငါ ချစ်တဲ့ မိသားစု..ငါ့ အသိုင်းဝိုင်း..ငါ့ ပတ်ဝန်းကျင်..ငါ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခွဲခွာဖို့ ဖြစ်လာခဲ့တယ်..
ငါ့ရဲ့ နှုတ်ဆက်ပွဲ..
မပြီးစီးနိုင်တဲ့ နှုတ်ဆက်ပွဲတွေ အကြိမ်ကြိမ်နွဲရင်းနဲ့..
ခုတော့လည်း တစ်ယောက်တကွဲ..ဘ၀ရပ်တည်ရေးအတွက် ခွဲခွာကြရပြီ..
ငါ ယုံကြည်နေပါတယ်..
ဝေးကွာသွားပေမဲ့လည်း ကိုယ်စီရင်ထဲမှာ အလွမ်းတွေ ရှိနေမယ်ဆိုတာ…
သတိရခြင်းတွေရှိနေမယ်ဆိုတာ..
အမှတ်တရတွေ ရှိနေမယ်ဆိုတာ…
လမင်းငယ်..
မော်လမြိုင်မှ လူဆိုးကြီးများသို့……
ဝေဖန်မူလေးတွေ