လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Do u agree that? February 6, 2010

လူဆိုတာ မျောက်က ဆင်းသက်လာတယ်လို့ ဒါဝင်က ဆိုခဲ့ပါတယ် တဲ့..တကယ်တော့ အတွေးခေါ်ပညာရှင်ကြီး ဒါဝင် ဆိုလိုတာက အဲဒီလို မဟုတ်ခဲ့ပါဘူး…
လူနဲ့မျောက်က မျိုးနွယ်တူတွေဖြစ်လိမ့်မယ်..common origin ရှိတယ်..အဲဒီ မျိုးနွယ်တူကနေပြီး လူဟာ ဆင့်ကဲ ဆင့်ကဲ ဖြစ်စဉ်သဘော Evolution အရ ဖြစ်ပေါ်လာတာ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာပါ..အဲဒါကို နားမလည် သဘောမပေါက်တဲ့ သူ့ခေတ်ရဲ့ ဘာသာရေးသမားတွေက ဒါဝင်က လူတွေကိုဖန်ဆင်းတဲ့ ထာဝရဘုရားသခင်ကို စော်ကားတာပဲ လို့ စွပ်စွဲပြောဆို ပြစ်တင်ခဲ့ကြတာပါ…
လူက မျောက်က ဆင်းသက်လာတာ မဟုတ်ပေမဲ့ လူဖြစ်ပြီးရင် လူ့သက်တမ်းရဲ့ နောက်ဆုံးမှာ မျောက်အဖြစ်နဲ့ပဲ အဆုံးသတ်သွားရတယ် ဆိုတဲ့ ကာတွန်းပညာရှင်ကြီး ဦးဘဂျမ်းပြောခဲ့တာတော့ အမှတ်ရမိပါတယ်…ဖတ်ဖူးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု အရပေါ့…
အရင်တုန်းက လူရဲ့သက်တမ်းက အလွန်ဆုံး 30 အထိပဲ ရှိခဲ့ပါတယ်..အဲဒါကို အဲဒီလောက် သက်တမ်းကို မကျေနပ်နိုင်တဲ့ မရောင့်ရဲနိုင်တဲ့ လူက တန်ခိုးရှင်ဆီမှာ သွားပြီး အထွန့်တက် ခဲ့တယ်လေ..ဒီသက်တမ်းလေးနဲ့ သင်စရာပညာတွေ သင်ယူရတာ အားမရသေးပါဘူး..ထပ်ပြီး သင်ချင်ပါသေးတယ်ဆိုပြီး သက်တမ်းတိုးမြှင့်ပေးဖို့ တောင်းဆို လိုက်တယ်တဲ့..အဲဒီတောင်းဆိုနေတဲ့အချိန်မှာ ဘေးမှာ ခွေးရယ်၊ နွားရယ်၊ မျောက်ရယ် ရှိနေ ကြတယ်တဲ့..လူရဲ့ တောင်းဆိုသံကိုကြားတော့ အရင်ဆုံးနွားက-
တန်ခိုးရှင် ..ကျွန်တော့်ဆီက သက်တမ်းကို ယူပြီး လူကို ပေးလိုက်ပါ..ကျွန်တော့်မှာ တစ်နေ့ တစ်နေ့ ရုန်းကန်နေရတဲ့ ဘ၀ကို ငြီးငွေ့လွန်းလို့ပါဆိုပြီး သူ့သက်တမ်းကို ပေးလိုက်တယ်တဲ့..တန်ခိုးရှင်ကလည်း လူမှာ ရစေဆိုပြီး လူကို ပေးလိုက်တယ်…အဲဒီလို ပေးတော့ ခွေးကလည်း ပြန်ပြောတယ်..ကျွန်တော့်သက်တမ်းကိုလည်း ပေးပါရစေ..ကျွန်တော် လည်းတစ်နေ့တစ်နေ့ အိမ်စောင့်ရ သူခိုးရန်ကို ကာကွယ်ရနဲ့ ငြီးငွေ့လွန်းလို့ ဆိုပြီး လူကို ပေးပြန်တယ်…အဲ မျောက်ကလည်း အားကျမခံ ကျွန်တော့် ရဲ့ သက်တမ်းကိုလည်းပေးပါရစေ..ကျွန်တော့်မှာလည်း တစ်နေ့ တစ်နေ့ ဟိုကူး ဒီကူး ဂနာမငြိမ် ပဲ နေရတဲ့ဘ၀ကို ငြီးငွေ့လွန်းလို့ ဆိုပြီး အသီးသီးပေးလိုက်ရော..လူမှာ သူ့သက်တမ်းအပြင်..နွားသက်တမ်း၊ ခွေးသက်တမ်း၊ မျောက်သက်တမ်း ပါ ရရှိသွားပါတော့ တယ်တဲ့…
ဒါကြောင့်လည်း ကြည့်လေ..
လူတစ်ယောက်က မွေးဖွားပြီးတာနဲ့ အသက် 30 အတွင်း ရသလောက်ပညာကို ရှာယူရတယ်.. အဲဒီသက်တမ်းကုန်ရင် လူ သက်တမ်းကုန်ပြီ..အဲ အိမ်ထောင်ကျတော့ သား သမီးဇနီးအတွက် နွားတစ်ကောင်လို ရုန်းကန် ရှာဖွေ ကျွေးမွေးရတယ်..အဲဒါ နွားသက်တမ်းပေါ့..တဖန် သားသမီးတွေက အိမ်ထောင်ပြုကြ၊ မြေးတွေရလာတော့ မြေးထိန်းရ၊ အိမ်စောင့်ရ၊ သွားချင်ရာကို မသွားရဘဲ သားသမီး မြေးတွေကို စောင့်ကြည့်ရ၊ အိမ်မှာနေရနဲ့…အဲဒါက ခွေးသက်တမ်းကို ရောက်မှန်းမသိ ရောက်သွားရတယ်..အဲ ခွေးသက် တမ်းကုန်ပြန်တော့ လူလည်း အိုမင်းလာပြီ..အိုမင်းလာတဲ့အခါ စိတ်တွေက ဂနာမငြိမ် ဟိုရောက် သည်ရောက် ခုတစ်မျိုး နဲ့ ဟိုခုန် ဒီခုန် မျောက်သက်တမ်းကို ရောက်သွားပြန်တယ်..အဲဒီ မျောက်သက်တမ်းကုန်တော့ လုလည်း ဘ၀ ပြောင်းသွားပြီလေ.လူက နောက်ဆုံး မျောက်သက်တမ်းနဲ့ အဆုံးသတ်သွားရတာလေ ..တစ်နည်းအားဖြင့် မျောက် ပြန်ဖြစ်သွားရတာပေါ့နော်…ဟုတ်ရဲ့လား ကျွန်မရဲ့ ထင်မြင် ချက်လေ….
လမင်းငယ်.

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s