လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

January 9, 2010

Filed under: ၀တ္ထုတိုလေးများ — လမင်းငယ် @ 3:40 am

မနက်အိပ်ရာထ မျက်လုံးဖွင့်လိုက်တာနဲ့ ပေါ်လာတာက သူမရဲ့ မျက်နှာ….ကြိုးစားမေ့ဖျောက်လည်း မရနိုင်ခဲ့..ဘာကြောင့်များ ကိုယ့်ကို ရက်ရက်စက်စက် ထားသွားခဲ့သူကိုမှ မမေ့နိုင်ရတာလဲ..ကိုယ့်ဘာသာကိုယ် စိတ်ဆိုးနေမိတယ်..ရုပ်ရှင်ရုံထဲမှာ သူ့ ကောင်လေးနဲ့ အကြည်စိုက်နေပုံများ..မြင်ကွင်းထဲ ပေါ်လာတယ်..

“တောက်”

စိတ်ဆိုးစွာနဲ့ တောက် တစ်ချက် ပြင်းပြင်းခေါက်လိုက်တယ်…ဟူး မလွယ်ပါလားနော်..အိပ်ရာက လူးလဲ ထရင်း ရေချိုးခန်းဝင် အ၀တ်စားလဲပြီး အပြင်ထွက်ဖို့ ပြင်လိုက်တယ်..ထမင်းစား ပွဲမှာ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မုန့်ဟင်းခါးလည်း စားချင်စိတ်မရှိ..အမေ မတွေ့ခင် အမြန်ပဲ အိမ်ပြင်ကို ထွက်လိုက်တယ်..တိုက်အောက်ရောက်တာနဲ့ 38 လမ်းအတိုင်း လျှောက် လာခဲ့တယ်..လျှောက်ရင်းနဲ့ Asia Plaza အောက်က ဖွင့်ထားတဲ့ ပန်းချယ်ရီ လက်ဖက်ရည် ဆိုင်ကို ၀င်လိုက်မိတယ်..ဒီဆိုင်လေးက ကျွန်တော့်ချစ်သူ ယမင်းနဲ့ အတူထိုင်နေကျဆိုင်လေး လေ..ဆိုင်ထဲ ၀င်လိုက်တာနဲ့ ကျွန်တော့်ကို သိနေပြီဖြစ်တဲ့ စားပွဲထိုးလေးက ရောက်လာပြီး ..

“အစ်ကို တစ်ယောက်တည်းလား ဟီး ဟို အစ်မလေးကော” နကိုကတည်းက စိတ် အချဉ်ပေါက်နေတာနဲ့…

“ မင်း မမြင်ဘူးလား ငါ တစ်ယောက်တည်းလာတာ ဘာမှ အပိုမေးမနေနဲ့ ..ထုံးစံအတိုင်း ချ”

အသားလွတ်ကြီး အဟောက်ခံလိုက်ရတဲ့ စားပွဲထိုးလေးကလည်း…

“ကျစိမ့် 1 တီး ” လို့ အော်ပြီး ထွက်သွားပါတယ်…ဘာကြောင့်များ ဒီဆိုင်ကို ၀င်မိပါလိမ့်..ကိုယ့်ဘာသာကိုယ်တောင် မသိတော့ပါဘူး..စားပွဲပေါ်မှာရှိတဲ့ စမူဆာကို စားမယ်လုပ်ပြီးမှ စမူဆာကို လွန်စွာပဲ ကြိုက်နှစ်သက်တဲ့ ယမင်းကို သတိရတဲ့စိတ်က လွမ်းမိုးလာပြန်တယ်..သူမဆိုရင် လူကသာ ပိန်သေးသေးလေး ..စမူဆာကို အနည်းဆုံး အသာလေး 5 ခုလောက် စားနိုင်တယ်..

“ချီးမှပဲ ဘာလို့ သူမကိုပဲ သတိရနေရတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ဒေါသ ပြန်ဖြစ်ရပြန်တယ်..စားမဲ့ဟာကို ပြန်ချလိုက်ပြီး စားပွဲထိုးလာချပေးတဲ့ လက်ဖက်ရည်ခွက်ကို မော့သောက် လိုက်ပြီးမှ ကျွန်တော့်ဘေးဝိုင်းက ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဆီ အကြည့် ရောက်သွားမိတယ်..ဒီကောင်လေးလည်း လက်ဖက်ရည်တစ်ခွက်နဲ့ ငိုင်တိုင်တိုင်..တစ်ယောက် ယောက်ကို စောင့်နေတဲ့ပုံ..ပြီးတော့ မျက်နှာမှာလည်း ကြေကွဲ ၀မ်းနည်းရိပ်တွေ သမ်းနေတယ်..ကိုယ့်ထက် အခြေအနေဆိုးတဲ့ သူပါလားဆိုပြီး စိတ်ဝင်စားနေမိတယ်..ထိုအခိုက်..

“ဟေ့….လင်း….ကြားသားမိုးကြိုး..စောစောစီးစီး ၀လုံး ဆီ လာတာလား” ဆိုတဲ့ အသံနဲ့အတူ ကောင်မလေးတစ်ယောက်..ထို ကောင်လေးဘေးမှာ ၀င်ထိုင်ရင်း ပြောလိုက်ပါတယ်.. အဲဒီကောင်မလေးကိုကြည့်လိုက်တော့ အပြင်အဆင်ကင်းမဲ့တဲ့ မျက်နှာလေးနဲ့..လူက ပိန်သေးသေး အီကြာကွေးလေးလိုပဲ..စပို့ရှပ်အကျီ အပွကြီးနဲ့ ဂျင်းဘောင်းဘီ ..စလွယ်သိုင်း လွယ်အိတ်..ဒီကြားထဲ ထီးခေါက်ကလည်း ပါသေး..သူမကို ကြည့်ရတာ ရှုတ်ရှပ်ခတ်နေလေရဲ့..နာမည်ကလည်း ၀လုံး တဲ့…ကောင်လေးနဲ့က ဘာလဲ ဆိုပြီး ယောက်ျားတန်မဲ့ စပ်စု နေမိပါတယ်…စားပွဲထိုးက သူမတို့ ၀ိုင်းသွားပြီး …

“ မမလေး ဘာမှာမလဲ…” ဆိုတော့..

သူမက “အင်း မုန့်ဟင်းခါး ရှိသေးလား”

“ဟုတ်ကဲ့ ရှိသေးတယ်”

“အဲဒါဆို ပလိန်း တစ်ခွက်”

“အမ်”

“ဟာ လျှာမရှည်နဲ့  ပလိန်းတစ်ခွက် ပါဆိုနေမှ” ဟုအော်လိုက်ရာ..

စောစောက ငိုင်တိုင်တိုင်နဲ့ ကောင်လေးလည်း ပြုံးလိုက်တယ်..ဘယ်ဆိုးလို့လဲ စိတ်ညစ်နေတဲ့သူကို ပျော်အောင် လုပ်နိုင်စွမ်းရှိသားပဲ ဆိုပြီး အမှတ်ပေး လိုက်မိတယ်…တော်တော် မလွယ်တဲ့ ကောင်မလေးပဲ..ရွှတ်နောက်နောက်နဲ့ ပြီးတော့ သူ့ပုံစံက သူမ မဟုတ်သလိုပဲ ..ခပ်တည်တည်နဲ့…ပြီးမှ စကားစ ပါတယ်..

“ ဘယ်လိုလဲ လင်း မျက်နှာက မသာမယာနဲ့ ဘာဖြစ်လာပြန်တာလဲ”

ကောင်လေးမျက်နှာက လွမ်းရိပ်သမ်းပြီး ကြေကွဲစွာနဲ့…

“ဟုတ်တယ် ၀လုံး သူ ကျွန်တော့်ကို ရက်စက်စွာနဲ့ ဖြတ်သွားပြီ..ဒီတခါတော့ တကယ်ပဲ ပြီးသွားပြီ ထင်ပါတယ် ဗျာ..ကျွန်တော်က ပိုက်ဆံ မရှိလို့ တဲ့လေ..သူလိုချင်တာ မ၀ယ်ပေး နိုင်လို့ တဲ့လေ..အဲဒါ သူ့အကြောင်းပြချက်ပဲ..ကျွန်တော့်ဘ၀ မပြည့်စုံတာ အပြစ်လားဗျာ” ဆိုပြီး ၀မ်းနည်းကြေကွဲသံနဲ့ ကောင်လေးက ဆိုပါတယ်..

ဝလုံး ဆိုတဲ့ ကောင်မလေးက ပြုံးစိစိနဲ့…ရော် ဘယ်လို ကောင်မလေးလည်း..သူများကတော့ တကယ့် ခံစားချက်နဲ့ ပြောနေတာကို သူမကတော့ ပြုံးစိစိ လုပ်နေတယ်..စားပွဲထိုးချ ပေးတဲ့ ကော်ဖီထုပ်ကို ဖျော်ရင်း တစ်ကျိုက်မော့လိုက်ပြီးမှ…

“ ဟီး ကိုရွှေလင်းက အသည်းကွဲလာတာကိုး…ကောင်းတယ်.ထားချင်အုံးဟဲ့ ရည်းစား..ကိုယ့်သူငယ်ချင်းကိုကျတော့ အချိန်မပေးနိုင်ဘူး သူ မှ သူ ..အခုတော့ နည်းတောင်နည်း သေး ဟား ဟား ” ဆိုပြီး အော်ရီလိုက်သေးတယ်..

ကျွန်တော့်စိတ်ထဲမှာ တော်တော် အချဉ်ပေါက်မိတယ်..သူများအသည်းကွဲနေတာကို သူက အော်ရီနေတယ်..ကျွန်တော် သာ အဲဒီကောင်လေး နေရာမှဆိုရင် အော် မိမလားပဲ..အခု တော့ ကောင်လေးက ပြုံးနေလေရဲ့..ပြီးမှ ၀လုံးဆိုတဲ့ ငတိမလေးက…

“ အင်း ဒီလိုရှိတယ်လင်းရဲ့..လောကမှာ မထိုက်တန်သူဆိုတာ လွင့်မျှောရစမြဲပဲလေ..အဲဒီသဘောတရားကို လင်း လက်ခံတယ် မဟုတ်လား”ဆိုတော့ ကောင်လေးကလည်း ခေါင်းညိတ် ပြီးမှ…“ဒါပေမဲ့ ၀လုံးရဲ့….”

ကောင်မလေးက လက်ကာပြီး…

“ နေအုံးလင်း…လောကမှာ ဘုရားက လူတိုင်းအတွက် ဖူးစာရှင်ဆိုတာကို ဖန်ဆင်းပေးပြီးသားပါ..သူ က လင်းနဲ့ မထိုက်တန်လို့ ကွဲသွားတာပါ..ပြီးတော့ သူလည်း လင်းရဲ့ ဖူးစာ ရှင် အစစ်မဟုတ်လို့ နေမှာ အဲဒါကိုများ ဘာကို ၀မ်းနည်းကြေကွဲနေတာလဲ”

အလဲ တယ်ဟုတ်ပါလား ဆိုပြီး သူမကို အမှတ် ထပ်ပေးနေမိတယ်..ပြီးတော့ နောက်ဆက်ပြောမဲ့ သူမ စကားတွေကို နားစိုက်နေမိတယ်..သူမက ကျန်တဲ့ ကော်ဖီကို ဆက်သောက်ပြီး မှ …

“လင်းကို ၀လုံး ပုံပြင်တစ်ပုဒ် ပြောပြမယ် နားထောင်”

လင်းဆိုတဲ့ ကောင်လေးကတော့ ငြိမ်သက်လျှက်..ကျွန်တော်ကတော့ တော်တော် စိတ်ဝင်စားနေမိတယ်….

“ တစ်ခါတုန်းကပေါ့ ..သားအမိလေး နှစ်ယောက်က ဈေးပွဲတန်းတစ်ခု ကို လည်ကြတယ်တဲ့…ပွဲခင်းကလည်း အ့ရမ်းစည်တယ်တဲ့…၀င်ဝင်ချင်းမှာပဲ သူ့သားလေးက အရုပ်လေး တစ်ရုပ်ကို ဈေးဆိုင်တန်းမှာ တွေ့တယ်တဲ့…အဲဒါနဲ့ပဲ သူ့အမေ ကို ၀ယ်ပေးဖို့ ပူဆာတာပေါ့…အဲဒီမှာ သူ့အမေက ပြောတယ်..ဘာပြောသလဲဆိုတော့…….”

သူမက စကားရပ်လိုက်ပြီး ပြုံးစိစိ လုပ်နေပြန်တယ်..လင်းဆိုတဲ့ကောင်လေးကလည်း သူမ ပြောမဲ့စကားကို စိတ်ဝင်တစားနားထောင်နေတယ်…

“ ဘာပြောလိုက်တာလဲ သူ့အမေက”လို့ ကျွန်တော် ယောင်ပြီး ထွက်သွားတယ်..သွားပြီ ကျွန်တော် နားထောင်နေတာကို ဟို ကောင်မလေးသိလို့ တမင် လုပ်တာ ..ကျွန်တော်လည်း မထူးတော့ပါဘူးဆိုပြီး သူမ တို့ ၀ိုင်းမှာ ခပ်တည်တည်ပဲ ၀င်ထိုင်လိုက်ပါတယ်..မရွှေဝလုံးက ..

“ဟီး ရှင် နားထောင်နေတာကို ၀လုံးသိသားပဲ ..ဟုတ်တယ် မဟုတ်လား” ဆိုတော့ ကျွန်တော်လည်း..

“ဟုတ်တယ် စိတ်ဝင်စားလို့ ..နောက်တစ်ခု က ဒီက ညီနဲ့ ကျွန်တော် ဘ၀ တူမိုလို့..အဲဒါ ထားပါ ကလေးလေး အမေ က ဘာပြောလဲ” လို့ မေးတော့မှ …

“အင်း သူ့ အမေက ပြောတယ်..သား မင်းရှေ့မှာ ဒီထက်ကောင်းတဲ့ ဒီထက် လှတဲ့ ဒီထက် ပိုတန်ဖိုးရှိတဲ့ အရုပ်တွေ တွေ့ကောင်းတွေ့နိုင်တယ်နော်..မင်းရှေ့မှာ ရွေးစရာတွေ အများကြီး ရှိနေအုံးမှာ..အေး မင်းက ဒီအရုပ်ကိုပဲ ယူမယ်ဆိုရင်တော့ နောက်တွေ့မဲ့ အရုပ်တွေကို မေမေ မ၀ယ်ပေးတော့ဘူးနော်..သေချာစဉ်းစား လို့ ပြောလိုက်တယ်တဲ့”

သူ့သားလေးကလည်း သူ့အမေစကားနားမထောင်ပဲ ဒါပဲ ယူမယ်ဆိုပြီး အဲဒီ အရုပ်လေးကိုပဲ ရွေးလိုက်တယ် တဲ့..သူရွေးလိုက်ပြီးမှ ရှေ့ဆက်သွားတော့ သူ့အမေ ပြောသလိုပဲ အဲဒီ ထက်ကောင်းမွန်လှပတဲ့အရုပ်တွေကို တွေ့တယ်တဲ့..ဒါပေမဲ့ သူပထမဆုံးတွေ့တဲ့ အရုပ်ကိုပဲ ရွေးချယ်လိုက်တဲ့အတွက် နောက် ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ အရုပ်ကို မပိုင် ဆိုင်နိုင်တော့ဘူးလေ..”

“အဲဒီလိုပဲ လင်းလည်း ကလေးလေးလိုပဲ ပထမဆုံးတွေ့တဲ့ သူ့ကိုပဲ သူမှသူ ဆိုပြီး ဖြစ်မနေသင့်ဘူး..နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အဖော်မွန်ဆိုတာ ရှာတွေ့လာအုံးမှာပါ..အဲဒါ ကြောင့် ကြေကွဲမနေပါနဲ့..အကောင်းဖက်က တွေးပြီးတော့ပဲ ဖြေသိမ့်လိုက်ပါ ..ဟုတ်တယ်မဟုတ်လား ကို  ဘယ်သူ”

“ကျွန်တော့်နာမည် အောင်အောင် ပါ..ကျေးဇူးပါ ၀လုံးရေ..” လို့ဆိုလိုက်တော့..

“ဘာဖြစ်လို့လဲ ကိုအောင်အောင်ရဲ့   ”

“အော် ၀လုံး ရဲ့ ပုံပြင်လေးအတွက်ပါ..တကယ်တော့ ကျွန်တော်လည်း အသည်းကွဲနေတာလေ..ကျွန်တော့်ကောင်မလေးလည်း ကျွန်တော့်ကို ဘလိုင်းကြီး ဖြတ်ပြီးထားခဲ့တာ.  …..  ကျွန်တော်လည်း တစ်ပတ်လောက်ရှိပြီ လေနေတာ…အမေတို့ ဖွင့်ထားပေးတဲ့ အင်တာနက်ဆိုင်ကိုလည်း မလှည့်ကြည့်နိုင်ပဲ သူငယ်ချင်းတွေနဲ့ ပစ်ပြီး လျှောက်လေနေတာလေ.. ဒီနေ့လည်း မသိစိတ်က သူ့ကို သတိရမိလို့နဲ့တူတယ် ..သူနဲ့ အတူသောက်နေကျ ဒီဆိုင်လေး ကို လာထိုင်ဖြစ်ရင်း ၀လုံး တို့ နဲ့ ဆုံတာ..အခုမှပဲ သဘောပေါက်သွားတော့တယ်..ဟုတ် ပါတယ်ဗျာ..ကျွန်တော်နဲ့ မထိုက်တန်လို့ပဲ နေမှာပါ…ကျေးဇူးပါပဲဗျာ..” ဆိုတော့ ၀လုံးက..

“ကဲ တစ်ယောက်တော့ အမြန်မင် အမြင်မှန် ရသွားပြီ..လင်းကော ” လို့ ဆိုတော့ လင်းဆိုတဲ့ ကောင်လေးကလည်း ပြုံးရင်း..

“ကျွန်တော်လည်း သဘောပေါက်သွားပါပြီဗျာ” ဆိုတော့ ၀လုံးက..

“ကောင်းတယ် ..ကောင်းတယ်…တော်တယ် ..မြန်မြန်နဲ့ အမြင်မှန်ရသွားကြတာ..ဟာ….ကိုးနာရီတောင် ခွဲသွားပြီ..အယ်ဒီတာတော့ ပွမ်တော့မှာပဲ ..သွားတော့မယ်နော် နှစ်ယောက်စလုံး နောက်မှ တွေ့မယ်နော်…အော်…အရုပ်သစ်လေးနဲ့ တွေ့ရင်လည်း ၀လုံး ကို လာကျွေးကြအုံးနော် ဟီး….” ဆိုပြီး သူမရဲ့ ပစ္စည်းပစ္စယတွေ ယူပြီး ထွက်သွားပါတော့တယ်…သူမ ထွက်သွားပြီးတော့မှ လင်းဆိုသောကောင်လေးက…

“ကျွန်တော့နာမည် ထွန်းလင်းပါ..ကျွန်တော်က ——- ဟိုတယ်လ်မှာ အလုပ်လုပ်တာပါ..စဖိုမှူးလက်ထောက်ဆိုပါတော့…တွေ့ရတာ ၀မ်းသာပါတယ်ဗျာ..ဆိုတော့ ကျွန်တော်လည်း..

“ကျွန်တော်လည်း တွေ့ရတာ ၀မ်းသာပါတယ် ဘ၀တူတွေပဲဗျာ နော်…” ဟုနေက်ရင်း..

“ဒါနဲ့ ၀လုံးကော ..သူက ဘာလုပ်လဲ ..”

“အော် သူက အရမ်းခင်ဖို့ ကောင်းတယ်..ပွင့်ပွင့်လင်းလင်း သမားဗျ..ပြီးတော့ သူက ———-မဂ္ဂဇင်းမှာ အလုပ်လုပ်တာလေ..”

“အော် ဒါကြောင့် စကား သိပ်တတ်တာကိုး” ဆိုတော့ ပြိုင်တူ ရယ်မိကြပါတယ်..ပြီးမှ ကျွန်တော်လည်း …

“ဒါဆို ကျွန်တော့်ကိလည်း သွားခွင့်ပြုပါအုံး” လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်…

ကျွန်တော့်ရဲ့အိမ်ပြန်လမ်းမှာတော့ ရှေ့ဆက် အကောင်းဆုံးလုပ်ဆောင်သွားတော့မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချရင်း ပျော်ရွှင်စွာ လျှောက်လှမ်းမိပါတော့တယ်….

လမင်းငယ်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s