လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Planning for 2010! January 1, 2010

Filed under: ခံစားမူရသ — လမင်းငယ် @ 8:40 am

2009 ဆိုတဲ့ နှစ်ကုန်လွန်ခဲ့ပြီး 2010 နှစ်သစ်ထဲကို ရောက်ခဲ့ပြီ..Happy New Year! လို့ နှုတ်ဆက်သံတွေနဲ့ နှစ်သစ်ထဲကို ၀င်ရောက်လာခဲ့ပြီ..

တချို့က ပြုံးပျော်ရွှင်လို့….

တချို့က အေးတိအေးစက်…

တချို့က ဘာခံစားချက်မှ မရှိတဲ့ ပုံစံနဲ့…

ဘယ်လိုပဲဖြစ်ဖြစ် တစ်နှစ်တာတော့ ကုန်ဆုံးသွားခဲ့ပြီလေ..2009 ဆိုတဲ့နှစ်ကတော့ ကျန်ခဲ့ပြီ..ပြန်လိုချင်ပေမဲ့လည်း မရနိုင်တော့ပါဘူး..လောကမှာ ၀ယ်ယူလို့ မရနိုင်တဲ့ အရာတစ်ခုထဲမှာ အချိန်ဆိုတာလည်း တစ်ခု အပါအ၀င်ပဲ မဟုတ်လား..ပြီးခဲ့တဲ့ 2009 ခုနှစ်မှာ ကိုယ်ဘာတွေ လုပ်ခဲ့သလဲ..ဘာတွေ ဖြစ်ပျက်ခဲ့သလဲ လျှောက်လှမ်းခဲ့တဲ့ အသက်တာကို ပြန်လည် သုံးသပ်ကြည့်ပါ..အမှားများနဲ့ပြည့်နှက်နေခဲ့တယ်ဆိုရင်လည်း ၀မ်းနည်းမနေပါနဲ့..ပူဆွေးသောက ရောက်မနေပါနဲ့..သင်ခန်းစာယူတတ်အောင် ကြိုးစားပါ..နောင်တတရားဟာ လူကို အများဆုံးပြုပြင်ပြောင်းလဲ ပေးသွားပါလိမ့်မယ်..ပြုလုပ်ခဲ့တဲ့အရာတိုင်းမှာ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ဆိုတာ ရှိပါတယ်..ကိုယ်က ကောင်းတာ လုပ်ခဲ့ရင် ကောင်းတဲ့ အကျိုး ခံစားရမယ်..မကောင်းတာလုပ်ခဲ့ရင်တော့ မကောင်းတဲ့ အကျိုးပဲ တွေ့ရမှာပါ..ဟန်ဆောင်ဖုံးကွယ်မှုဆိုတာ မတည်မြဲပါဘူး..အမြဲတမ်းလည်း မလုံခြုံပါဘူး..လောကမှာ အပင်ပန်းဆုံးအလုပ်က ဟန်ဆောင်လိမ်ညာခြင်းပါပဲ..ဒါကြောင့် ပင်ပန်းတဲ့အလုပ်ကို ရှောင်ကြဉ်ကြပါ..စိတ်ကောင်းနှလုံးကောင်း မွေးမြူပါ..အရာရာကို အကောင်းဖက်က မြင်တတ်အောင် ကြိုးစားကြည့်ပါ..ကိုယ်ချင်းစာတရား ထားရှိပါ..မိမိကို သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတပါးကိုလည်း ပြုပါ..အရာရာကို ကိုယ့်စိတ်သဘော အတိုင်းလုပ်တတ်တဲ့ အကျင့်ဆိုးတွေကို ပြုပြင်ပါ..ကိုယ်ချင်းစာနာစိတ်လေးရှိခဲ့မယ်ဆိုရင်..ကိုယ်က သူတစ်ပါးအော်ဟောက်တာ မခံချင်ဘူး မကြိုက်ဘူးဆိုရင် ကိုယ်ကလည်း သူတစ်ပါးကို အော်ဟောက်ပြောဆိုတဲ့ အမူအကျင့် မလုပ်ပါနဲ့..ငါတောင် မကြိုက်တာ သူလည်း ကြိုက်မှာ မဟုတ်ဘူးဆိုတဲ့ အသိတရားလေး ထားရှိပါ..အဲဒီစိတ်လေးသာ ထားရှိနိုင်မယ်ဆိုရင် အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းကွဲမှုတွေ အဆင်မပြေမှုတွေ ရှိလာမှာ မဟုတ်ပါဘူး..ဒီစိတ်လေးထားရှိဖို့က အင်မတန်မှ ခက်ခဲပါတယ်..လောကမှာ ခက်ခဲတဲ့ အရာက တန်ဖိုးအရှိဆုံးမဟုတ်လား..ဒါကြောင့် တန်ဖိုးရှိတဲ့ အရာကို ရယူကြပါ..

ဒီမနက် ညီမလေးတစ်ယောက်ကပြောပါတယ်..“ စိတ်ညစ်လိုက်တာ ရှေ့ဆက်အသက်ရှင်ဖို့ စဉ်းစားရင် တော်တော် မောတာပဲ..ဘယ်လိုဖြတ်သန်းရမလဲ တောင်မသိတော့ဘူး” တဲ့..

“ ဟာ ညီမကလဲ နှစ်သစ်မှာ ဘာလို့ စိတ်ညစ်တယ်ဆိုတဲ့ စကားသုံးရတာလဲ..ဘာကိုများ စိုးရိမ်ပူပန်နေတာလဲ အဓိက ကတော့ စိတ်ထားတတ်ဖို့ပါပဲ..မဟုတ်ဘူးလား ဆိုတော့ ..သူမကလည်း..

“အင်းနော် ဟုတ်တယ် အစ်မပြောသလိုပဲ စိတ်က အဓိကပါလေ..တော်ပြီ နှစ်သစ်မှာ စိတ်ညစ်စရာတွေ မတွေးပဲ အကောင်းဆုံးပဲ နေတော့မယ်“တဲ့….

ဟုတ်ပါတယ် လူတစ်ယောက်မှာ အဓိက က စိတ် ပါပဲ..စိတ်ထားတတ်ဖို့ပဲ လိုအပ်တာပါ..ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ စိတ်ကောင်းနှလုံးကောင်းလေးသာ ထားရှိတတ်ရင် ဒီကမ္ဘာလောကကြီးကလည်း သာယာစိုပြည်နေမှာ အသေချာပါပဲ…ဒါကြောင့် နှစ်သစ်မှာ စိတ်သစ် ကိုယ်သစ်နဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အရ လှမ်းယူပြီး 2010 ခုနှစ်ကို အဓိပါယ် ရှိစွာနဲ့ လျှောက်လှမ်းကြပါစို့နော်…..

လမင်းငယ်

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s