လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Don’t worry about life! December 22, 2009

Filed under: ခံစားမူရသ — လမင်းငယ် @ 7:40 am

လောကမှာ မွေးဖွားလို့ လူရယ်လို့ ဖြစ်လာခဲ့ရင် ရုန်းကန်လှုပ်ရှားမှုကနေပဲ စတင်ရပါတယ်..ဘယ်သူတစ်ဦးတစ်ယောက်ကမှ သက်တောင့် သက်သာနဲ့ ထွက်လာရတာ မဟုတ်ပါဘူး..မိခင်ဝမ်းဗိုက်ထဲကနေ လောက အပြင်ကိုရောက်ဖို့အတွက် တိုးဝှေ့ အားစိုက်ပြီး ထွက်လာရတယ်..အပြင်ကိုရောက်လာတော့လည်း မိမိဝမ်းရေးအတွက် ဗိုက်ပြည့်ဖို့အတွက် ကြိုးစားအားထုတ်ရတယ်..ငိုရတယ်..နို့ချိုက စို့ရဖို့အတွက် အရွယ်နဲ့ မမျှအောင် ကြိုးစားရတယ်..ကြိုးစားမှပဲ နို့ရည်က ဗိုက်ထဲရောက်မှာလေ..လူရယ်လို့ဖြစ်လာကတည်းက ပြုလုပ်ရမယ့် လိုက်နာရမဲ့ တာဝန်နဲ့ ၀တ္တရားဆိုတာ တစ်ခါတည်း ပါလာပါတယ်..အချိန်တန် နို့စို့မယ်၊ အပေါ့အလေးသွားမယ် ..အိပ်ချိန် အိပ်မယ်..ဒါတွေက ကလေးတစ်ယောက်ရဲ့ သူနေ့စဉ် ပြုလုပ်ရမဲ့ တာဝန်ပါပဲ…ကလေးမှာလည်း ကလေးပြုလုပ်ရမဲ့ တာဝန်တွေရှိသလို အသက်အရွယ် အပိုင်းအခြားမရွေးမှာလည်း သူတို့ရဲ့ တာဝန်ဆိုတာတွေ ရှိပါတယ်..ဒါတွေဟာ လောကရဲ့ ဖြစ်စဉ်တွေပါပဲ..လူတစ်ယောက်စီတိုင်းမှာ ပင်ကိုအရည်အချင်း ကိုယ်ပိုင် အစွမ်းအစ ဆိုတာ ပါလာပြီးသားပါ..အဲ အောင်မြင် ဖြစ်ထွန်းတာ မဖြစ်ထွန်းတာကတော့ သူတို့ရဲ့လုပ်ဆောင်ချက်ပေါ်မှာမူတည်ပြီးတော့ပဲ ကွဲပြားခြားနားသွားတာပါ..စကားပုံလည်းရှိပါတယ်.. No pain,no gain အနာမခံ အသာမစံရတဲ့..သမိုင်းစာမျက်နှာတွေ ကမ္ဘာမှာ ထင်ပေါ်ကြော်ကြားခဲ့တဲ့ ကျော်ကြားနေဆဲဖြစ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သမိုင်းကို လေ့လာကြည့်ပါ..သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကလည်း မလှပပါဘူး..ပင်ပန်းဆင်းရဲမှုအမျိုးမျိုး ဒုက္ခအမျိုးမျိုးတွေကို ကျော်ဖြတ်လာခဲ့ရပြီးမှ သူတို့ ရပ်တည်နေတဲ့ နေရာတစ်ခုကို ရောက်ရှိလာရတာပါ..လွယ်လွယ်နဲ့ ရလာခဲ့တာ မဟုတ်ပါဘူး..လောကမှာ လွယ်လွယ်နဲ့  ရတဲ့အရာကလည်း လွယ်လွယ်နဲ့ပဲ ပျက်စီးဆုံးရှုံးရတတ်ပါတယ်..တည်မြဲမှုလည်း မရှိပါဘူး..အချိန်နာရီတွေ မရပ်ဆိုင်းသရွေ့ လူရဲ့ ကြိုးစားအားထုတ်မှုကလည်း မရပ်ဆိုင်းသင့်ပါဘူး..ကျွန်မဆိုရင် ကိုယ့်ဘ၀ကို စိတ်ပျက်မိတာ အကြိမ်ကြိမ်အခါခါပါ..လုပ်လိုက်တိုင်းလွဲချော်မှုတွေနဲ့..ဖြစ်ပျက်သမျှ တိုင်းလည်း အရာရာနဲ့ အကြောင်းကြောင်း၊ လောကကြီးကိုလည်း အပြစ်တင်၊ လူတွေကိုလည်း အကောင်းမမြင်တတ်တော့ဘူး..ကြာတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တော့ပဲ ကိုယ်တစ်ယောက်တည်း သီးသန့်လို ဖြစ်သွားခဲ့တယ်..အပယ်ခံ လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရတယ်..ငါ ဘာများမှားနေလို့လဲ..ဘာကြောင့် ဒီလို ဖြစ်တာလဲ..ဘာကြောင့်လဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကိုယ့်ဘာသာကို မေးခွန်း ထုတ်ခဲ့တယ်..စာရွက်လွတ် အကြီးကြီး တစ်ရွက်ယူပြီး အဲဒီအပေါ်မှာ ခေါင်းစဉ် နှစ်ခု တပ်လိုက်တယ်..တစ်ခုက ကိုယ့်ရဲ့ အားနည်းချက် တစ်ခုက ကိုယ့်ရဲ့အားသာချက်ပေါ့..ပြီးတော့ နှစ်ခု ယှဉ်ပြီး ရေးချလိုက်တယ်..မစဉ်းစားပဲ စိတ်ထဲ ဂှိတာတွေ ရေးချလိုက်တာ ပြန်ကြည့်လိုက်တော့ နှစ်ခုမှာ အားနည်းချက် ဆိုတဲ့ဖက်က ပိုများနေတာကို တွေ့လိုက်ရတယ်..အဲဒီအချက်တွေကို တစ်ခုချင်း အသေချာဖတ်ကြည့်လိုက်တော့ ငါဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ဆိုတဲ့ အဖြေကို ကောင်းစွာ သိမြင်ခဲ့ရတယ်..နောက်တဆက်တည်းမှာပဲ ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကိုပါ တခါတည်း ရရှိခဲ့ပါတယ်..ရှေ့ဆက်ရမဲ့ အနာဂတ်အတွက်လည်း အားအင်တွေ ရရှိလာပါတယ်..ပျက်အစဉ် ပြင်ခဏ ဆိုတဲ့စကားအတိုင်း တကယ်ကို ခဏလေးပါပဲ..မှန်ကန်တဲ့လမ်းကိုလည်း ရွေးချယ်နိုင်ခဲ့တယ်..အဓိကနဲ့ သာမညကိုလည်း ခွဲခြားလာတတ်ခဲ့တယ်..လေနေတဲ့ အချိန်တွေကိုလည်း ပြန်နှမြောမိတယ်..ဒါပေမဲ့ နောက်မကျသေးဘူးဆိုတဲ့အသိကြောင့် ပြန် နလန်ထူနိုင်ခဲ့တယ်..အဆင်မပြေမှုတွေ ကြုံရဖန်များလာရင် လောကကြီးကို စိတ်ပျက်လာတတ်ကြတာ သမ္မတာပါပဲ..စိတ်ပျက်လိုက်တာလို့ ထိုင်အော်နေလို့ မှ မရတာလေ..

ပြီးခဲ့တဲ့အတိတ်တွေ မှားခဲ့တာတွေကို ပြန်မစဉ်းစားပဲ အတိတ်ကို အတိတ်မှာထား၊ လက်ရှိ ပစ္စုပန်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး မမြင်ရသေးတဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရင်း ကိုယ့်ဘ၀ကိုယ် အကောင်းဆုံး ပြန်လည် တည်ဆောက်ကြပါစို့နော်….

လမင်းငယ်

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s