လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Joke ! December 20, 2009

Filed under: ဟာသ — လမင်းငယ် @ 4:51 am

တစ်ခါက ဆန်ပြုတ်ရောင်းတဲ့ တရုတ်အဖွားကြီး တစ်ယောက်ရှိပါတယ်..သူမက သူမရဲ့ စီးပွားရေးတစ်ခုကိုသာစိတ်ဝင်စားပြီး ဘာသာတရားလည်း မရှိ၊ ဘုရားတရားလည်း မလုပ်ပါဘူး..သူမရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ပြီးရင် နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ရင်း လုံးချာလည် လိုက်နေပါတယ်..တစ်နေ့တော့ အဲဒီမြို့လေးကို ခရစ်ယာန် တရားဒေသနာ ဖြန့်ဝေတဲ့ ဆရာတစ်ယောက် ရောက်လာပါတယ်..သူက လူတိုင်းကို တရားဟောပါတယ်..အဲဒီ အဖွားကြီးကိုလည်း ပြောမယ်ဆိုပြီး သူမရဲ့ ဆိုင်ထဲဝင်ပြီး စ ဟောပြောပါတော့တယ်..အဖွားကြီးကလည်း တရိုတသေပဲနားထောင်ပြီး ဆန်ပြုတ်နဲ့ ဧည့်ခံပါတယ်..တရားဟောဆရာလည်း နေ့တိုင်းသွားမြဲ ဟောပြောမြဲ..အဖွားကလည်း နားထောင်မြဲ ၀တ်တရားမပျက်ဧည့်ခံ ကျွေးမွေးမြဲ ကျွေးမွေးပါတယ်..ဘာမှတော့ ပြောင်းလဲ မလာပါဘူး..ဒါနဲ့ တရားဟောဆရာလည်း စိတ်ပျက်လာပြီး နောက်ဆုံး မေးခွန်း မေးမယ်ဆိုပြီး …

“အဘွား ..လူက သေရင် လမ်းနှစ်လမ်းဆီ မဖြစ်မနေသွားရပါတယ်..ကောင်းတာလုပ်တဲ့သူ၊ ဘုရားတရားသိရှိတဲ့သူကတော့ ကောင်းကင်နိုင်ငံတော်ဆီ သွားရပါတယ်..အဲ မကောင်းတာ လုပ်တဲ့သူ၊ ဘုရားမရှိ တရားမသိတဲ့သူကတော့ ငရဲ ဆိုတဲ့ လမ်းကို သွားရပါတယ်..ဒီလမ်းက လူတိုင်း သွားရမယ့်လမ်းပါပဲ..အဲ အဘွားကော ဘယ်လမ်း သွားချင်လဲ” လို့ မျှော်လင့် တကြီး မေးလိုက်ပါတော့တယ်..

အဘွားလည်း မျက်လုံးများတောက်ပပြီး အားရ၀မ်းသာပဲ ဖြေပေးလိုက်ပါတယ်..

သူမ ဖြေတဲ့ အဖြေစကားကြားရတော့ တရားဟောဆရာလည်း ပလန်လက် ပလက်လန်ပြီး နောက်ဆုတ်သွားတော့တယ်..

အဘွားဖြေလိုက်တာက..

“ အဘွားကတော့ အဲဒီလမ်း နှစ်လမ်းလုံးကို မသွားတော့ပါဘူး..လမ်းဆုံမှာပဲ ဆန်ပြုတ်ရောင်းတော့မယ်..လူတိုင်းက သွားကြမှာဆိုတော့ ဒီမှာထက် ပိုရောင်းကောင်းမှာ ကျိန်းသေတယ်” တဲ့..

မှတ်ကရော တရားဟောဆရာရေ….

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s