လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

My Examination! November 7, 2009

Filed under: အတွေ့အကြုံလေးများ — လမင်းငယ် @ 1:18 am

ကျွန်မ ရန်ကုန်ကိုလာတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဆုံးနှစ် စာမေးပွဲကို လာဖြေတာပါ..အခုတော့ ဖြေဆိုလို့ ပြီးသွားလို့ အလုပ်ပြန်ဝင်နေပါပြီ.. မော်လမြိုင် ကို ပြန်ရောက်နေပါပြီ..စာမေးပွဲဖြေခဲ့တဲ့ အတွေ့ကြုံလေး ပြောပြချင်ပါတယ်..မကြုံစဖူးလေးမို့ပါ..

ပထမနေ့ အင်္ဂလိပ်ဘာသာပါ…အေးဆေးစွာနဲ့ ဖြေနိုင်ခဲ့ပါတယ်..မေးတဲ့ Essay ကလည်း Reading books တဲ့..စာဖတ်ဝါသနာအိုးဖြစ်တဲ့ ကျွန်မအတွက် တော့ အရမ်းကို အဆင်ပြေသွားတယ်..ဖြေပေးလိုက်တယ် ..နှစ်မျက်နှာလောက်..ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့..ကျွန်မဘေးနားက ကောင်လေးကတော့ ကျွန်မ ဖြေတာကိုကြည့်ပြီး အထင်ကြီးစွာနဲ့ ပြခိုင်းတယ်..ကျွန်မလည်း ပြလိုက်ပါတယ်..သူ ကျွန်မဆီက ကူးယူသွားတာ အစ အဆုံးပါပဲ..ဖြေပြီးတော့ ပြောသွားသေးတယ် ဒီနှစ်တော့ ကျွန်တော် အောင်ပြီတဲ့ ..ဒီလိုပဲ မျှဝေပေးရမှာမဟုတ်ဘူးလား ကျောင်းသူကျောင်းသားအချင်းချင်းတွေလေ …

ဒုတိယနေ့တော့ မေဂျာ..မေးခွန်းလက်ထဲရောက်လာတော့ ကြည့်လိုက်တယ်..ပျော်သွားတယ်..ရတယ်ပေါ့..အဲ ဖြေတော့မယ် ဆိုပြီး ခေါင်းစဉ်တပ်ပြီး ပြင် လိုက်တော့ ဘယ်က စရေးရမှန်းမသိဘူး..စာတွေမေ့ကုန်တာ..ဦးနှောက်က စဉ်းစားလို့ မရတော့ဘူး..ဟိုကြည့်ဒီကြည့်လုပ်တော့ ဆရာမ က အော်တယ် ..“ကိုယ့်ဘာ သာကိုယ်ဖြေ သူများကိုလျှောက်ကြည့်မနေနဲ့တဲ့..”ခုံလေးပေါ်မှာ ခေါင်းမောက်ချလိုက်ပြီး ပြန်စဉ်းစားမယ်ပေါ့ ဆိုပြီး ခေါင်းချလိုက်တာ အိပ်တောင်ပျော်သွားတယ်..  ဆရာတစ်ယောက်လာနိုးတော့မှပဲ ကပျာကယာထလိုက်ရတယ်..ဘေးက ကျောင်းသားတွေက ပြုံးစိစိနဲ့..သူတို့ကတော့ အသည်းအသန် ကြိုးစားဖြေနေကြတယ် လေ ကျွန်မမှာတော့ အိပ်ပျော်သွားလေရဲ့   ..ရှက်စရာကောင်းလိုက်တာနော်..ကျွန်မဘေးက ကောင်လေးကတော့ စာရွက်ထုတ်ကူးနေတယ် ..ယူမလားတဲ့ မယူရဲလို့ မကူး ဖြစ်လိုက်ပါဘူး..ရသလောက် မှတ်မိသလောက် ဖြစ်ညစ်ပြီးဖြေလာလိုက်တယ် ..အခြေအနေ တော်တော် ဆိုးပါတယ်..

ကျန်တဲ့နေ့တွေကတော့ သိပ်မထူးခြားပါဘူး..ဒီလိုပဲ ရတဲ့ဟာလေးတွေကိုပဲ ဖြေခဲ့တယ်..မှတ်မိသလောက်ပေါ့..သိပ်တော့ အားမရပါဘူး..အဲ နောက်ဆုံးနေ့.. အားလုံးသိမ်းကြုံးဖြေနေတုန်း ကျွန်မဘေးတန်း နောက်က ကောင်မလေးတစ်ယောက်ရဲ့ “ဆရာမ” ဆိုတဲ့ ခေါ်သံနဲ့အတူ မတ်တပ်ရပ်နေတဲ့ သူမ ကိုပါ မြင်လိုက်ရ တယ်.. အားလုံးအကြည့်တွေက သူမ ဆီရောက်နေတယ်..သူမက သူ့ဘေးက ကောင်လေးကိုကြည့်ပြီး “ ဆရာမ ဒီမှာ သူ စာခိုးချနေတယ်..သူခိုးချတာ ပထမနေ့ ကတည်းကပဲ ..သမီးကတော့ အမြဲကျက်ပြီးဖြေရတယ်..သူကျတော့ ခိုးချပြီးဖြေတယ်..မတရားဘူး ဆရာမ” တဲ့..ဆရာမတောင် ရုတ်တရက် အံ့သြပြီး ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိတော့ပုံပဲ..အားလုံးသော ကျောင်းသား ကျောင်းသားတွေကလည်း သူမကို အံ့သြစွာ..သူမကို နားမလည်နိုင်စွာနဲ့ ..သူမဘေးက ကောင်လေး ကလည်း ဒေါသတွေထွက်လို့ …ဆရာမလည်း ကောင်လေးဆီက စာရွက်လေးတွေ သိမ်းယူသွားတော့တယ်..သူမကတော့ သူမဟုတ်သလိုပဲ paper book လေး  အပ်ပြီးတော့ ထွက်သွားတယ်..ကျွန်မ အပြန်လမ်းမှာ စဉ်းစားမိတယ်..သူမ ဘာကြောင့်များ ဒီလို ကျောင်းသူကျောင်းသားအချင်းချင်း စာနာမှု မရှိပဲ လုပ်ရက်တာလဲ      လို့..သူမကို ဘယ်လို နားလည်ပေးရမလဲ ..မှားလားဆိုတော့လည်း မမှားပါဘူး..ဒါပေမဲ့ မဖြစ်သင့်ဘူးလေ..သူမလုပ်ရပ်က မစားရတဲ့ အမဲ သဲနဲ့ပက် ဆိုတာမျိုးဖြစ်နေ တယ်..အခုခေတ် အဝေးသင်ကျောင်းသူကျောင်းသားတွေဟာ တကယ်ကို သနားစရာကောင်းပါတယ်..ဘွဲ့လေးတစ်ခုရဖို့ ရုန်းကန်ရတာ မလွယ်ပါဘူး..များသော အားဖြင့် အဝေးသင်တက်နေတဲ့သူတွေဟာ လူပေါ်ကျော့တွေ ရှားတယ်..ဘ၀သမားတွေပဲ များတယ်..အလုပ်တစ်ဖက်နဲ့ တစ်နှစ်တစ်နှစ်ကြိုးစားနေရတာ..ကျူရှင် လည်းမတက်နိုင်..တက်ဖို့ အချိန်လည်း မပေးနိုင်..အနီးကပ် 10 ရက်လေးမှာပဲ ကြိုးစားရတယ် အသည်းသန်..10 ရက်ဆိုတဲ့အတွင်းမှာ တစ်နှစ်စာကို သိမ်းကျုံး ကျက်မှတ်ရတာပါ..အားလုံးကလည်း English တွေပဲဆိုတော့ သိပ်အဆင်မပြေနိုင်ဘူးပေါ့..day တွေလို အခွင့်ရေးလည်း မရှိပါဘူး..အဲဒီတော့ တတ်နိုင်သလောက် ကိုယ်အောင်ဖို့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံရတော့တာပေါ့.ဒါက ဘာများဆန်းလို့လဲ..ဒါကို နားလည်ပေးရမှာ မဟုတ်ဘူးလား..အကျပ်တည်းကြားထဲက ဆရာ ဆရာမ တွေ မတွေ့အောင် ကူးယူနိုင်တယ်ဆိုတာကလည်း သူ့ရဲ့ အရည်ချင်းတစ်ရပ်ပဲလေ…ဘယ်သူမဆို အောင်ချင်ကြတာပဲ..အောင်ဖို့ကိုတတ်နိုင်သလောက် ကြိုးစားကြမှာပဲပေါ့..အဲဒါကို သူမက ဘာလို့ နားမလည်ပေးနိုင်တာလဲ ..တစ်ခါတလေ လူတွေက တော်တော်ခက်ပါတယ်..ကျွန်မလည်း တော်တော်လေး တရားရ ခဲ့ပါတယ်…4 နှစ်လောက် စာမေးပွဲကို ဖြေခဲ့ဖူးပါတယ်..တခါမှ ဒီလို အတွေ့အကြုံမျိုး မရခဲ့ပါဘူး…တော်တော်လေးကို နားလည်ရခက်တဲ့ကောင်မလေးပါပဲ..

အားလုံးအောင်ကြပါစေ…

လမင်းငယ်

 

3 Responses to “My Examination!”

  1. tayza Says:

    စာမေးပွဲ အောင်ပါစေဗျာ။

  2. Thiha Yarzar Says:

    လမင်းငယ်ရေ …

    နှစ်ပိုင်းရှိနိုင်တယ်လေ ….
    ကောင်မလေးက ကောင်လေးဆီက ခိုးကြည့်လို့မရတာရယ် ….

    ကောင်လေးက ကောင်မလေးကို ရိရိတိတိ လုပ်ထားပုံရတာရယ် …

    နောက်ဆုံးတော့ … နေ့စဉ် ဘ၀တွေထဲက မထူးတဲ့ဇာတ်လမ်းလေးပါပဲ …
    အဲ … … … ဇာတ်ပေါင်းခန်းကိုတော့ သိခွင့်မရတာ ၀မ်းနည်းမိပါရဲ့ …. … .. .

  3. YoungGun Says:

    လျှောက်ဖတ်ရင်းနဲ့ ရောက်လာတယ်.. ကိုယ်တိုင် စာမေးပွဲဖြေခဲ့တဲ့ ၂ဝဝ၄ နေ့စွဲတွေကို သတိရသွားတယ်ဗျာ။ ဖြစ်နိုင်ရင် အဲဒီစာတွေ ပြန်ဖြေချင်လိုက်တာ။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s