လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

when i travella by bus! November 6, 2009

Filed under: အတွေ့အကြုံလေးများ — လမင်းငယ် @ 11:40 pm

ရန်ကုန်ရောက်တုန်းကပေါ့..တစ်နေ့ မရောက်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရှိရာ ရန်ကင်းကို သွားလည်ခဲ့တယ်..ကျွန်မတည်းခိုတဲ့ ကြည့်မြင်တိုင်ကနေ ရန်ကင်းဆိုတဲ့ အကွာအဝေးက နည်းတာမှတ်လို့..တိုက်ရိုက်ရတဲ့ကားကိုစီးသွားမယ်ဆိုပြီး 36 ကားကြီးပေါ် တက်ခဲ့ပါတယ်..လူကလည်း ရှင်းလို့..ကောင်းတဲ့ နေရာလေးမှာ ရွေးထိုင်လိုက်ပါတယ်..နောက်မှတ်တိုင်တစ်မှတ်တိုင်ရောက်တော့ တုံချိ တုံချိနဲ့ အဖွားကြီးတစ်ယောက် တက်လာပါတယ်..ကျွန်မဘေးမှာ ခုံလွတ်နေပေမဲ့ မထိုင်ပါဘူး..ကျွန်မလည်း မနေသာတော့လို့ “ထိုင်လေ အဘွား” လို့ပြောလိုက်ပါတယ်..အဘွားက “ရတယ် သမီး တစ်မှတ်တိုင်ပဲစီးမှာ” ဆိုပြီး တိုင်လေးကိုင်ပြီး ရပ်နေတယ်..ကိုရွှေစပယ်ယာက ကားခ လာကောက်ပါတယ်..အဘွားဆီက ပိုက်ဆံလည်းယူပြီး “အဘွား ထိုင်စီးလေ” ဆိုတော့ အဘွားကလည်း ကျွန်မကိုပြောတဲ့အတိုင်းပြန်ဖြေတယ်..ကိုစပယ်ယာက တစ်မှတ်တိုင်လည်းတစ်မှတ်တိုင်ပေါ့..ခုံလည်းလွတ်နေတာပဲ သက်တောင့်သက် သာထိုင်စီးစမ်းပါ..မှတ်တိုင်ရောက်ရင် ရပ်ပေးမှာပေါ့” ဆိုပြီး သူ့ရဲ့ထုံးစံအတိုင်း အော်ပြောပါတယ်..အဲဒီတော့မှပဲ အဘွားမှာ ထိုင်လိုက်ပါတယ်..သူ့ပုံစံက ကိုစပယ်ယာကို ကြောက်လို့ ထိုင်ရတဲ့ပုံစံပါ..ကိုစပယ်ယာကလည်း စေတနာနဲ့ပြောပေမဲ့ အော်တတ်တာအကျင့်ပါနေတဲ့ သူ့ညာဉ်ကြောင့် စေတနာမရောက်ဘဲ ဝေဒနာဖြစ်သွားခဲ့ရပါတယ်..ကျွန်မတွေးလိုက်မိတယ်..စကားကို ညင်ညင်သာသာပြောလည်း ဒီအဓိပါယ်ပါပဲ..ဘာလို့များ အော်ပြောရတာလဲနော် လို့…တဖက်က ပြန်တွေးကြည့်တော့လည်း စပယ်ယာဆိုတာက လူအများနဲ့ဆက်ဆံနေရတာဆိုတော့ ပျော့ပျောင်းလွန်းရင်လည်း မဖြစ်သေးပါဘူးလေ ဆိုပြီး ကိုယ့်ဘာသာကိုယ်တွေးပြီး ပြုံးမိပါတယ်..နောက် ကောင်လေး တစ်သုတ်တက်လာတယ်..့ကျွန်မရှေ့မှာ ရပ်ပါတယ်..ပုံစံလေးတွေက ခေတ်လူငယ်လေးတွေ.. 16 နှစ် 17 လောက်ပဲရှိကြအုံးမှာပါ..တစ်ယောက်က စကားစပါတယ်..  “မင်းမနေ့ညက ကောင်မလေးနဲ့သွားတွေ့တာ ည 1 နာရီဆို လွန်တာပေါ့ကွာ”

တစ်ယောက်က ပြန်ဖြေတယ် “ဟုတ်တယ် ဟကောင်..သူတောင်လာသေးတာ ငါက ယောက်ျားလေးလေ” တဲ့ ပြောနေတာများ ပေါ့ပျက်ပျက်နဲ့ ..သြော် ခေတ်ကာလ သားသမီးတွေများ မလွယ်လိုက်တာနော်.. ဒါ ခေတ်မှီတာလား..ခေတ်လွန်နေတာလား ..မဖြစ်သင့်တဲ့ ကိစ္စပဲနော်..မိဘများကိုယ့်သားသမီးကို ဘယ်လိုများထိန်းနေ  ကြပါလိမ့်….သမီးပျိုလေးတစ်ယောက် အိမ်ပြန်ချိန် အလွန်ဆုံး 7 ပေါ့..မြန်မာပြည်မှာလေ..ကျွန်မ မမြင်ဖူးပေမဲ့ အဲဒီကောင်မလေးမိဘတွေကို သနားလိုက်တာ ဆုံးမချင်လိုက် ချင်တဲ့ စိတ်တွေဖြစ်မိတယ်…အတွေးကောင်းနေတုန်း အသက် 20 ကျော် စုံတွဲလေးတစ်တွဲတက်လာတယ်..လူများလာတာကြောင့် ကားကလည်း ကျပ်လာတယ်..ကားဘရိတ်အုပ်လိုက်တိုင်း ကားယိုင်တာက နည်းနည်း သူတို့ အဖြစ်သည်းနေတာက များများ..မျက်စိနောက်စရာ…ချစ်စ ခင်စ ဆိုတာတော့ဟုတ်ပါ တယ်..ဒါက မြန်မာပြည်လေ..ယောက်ျားလေးကလည်း ကိုယ့်ချစ်သူကိုတစ်ကယ်ချစ်ရင် သူ့ရဲ့သိက္ခာမကျအောင် ကာကွယ်ပေးသင့်တယ်..မိန်းကလေးကလည်း ကိုယ့်တန်ဖိုးကိုယ် ထိန်းတတ်ရမယ်..ကိုယ့်တန်ဖိုးကို မြင့်တင်နိုင်ရမယ်..ကိုယ့်ကိုယ်ကို ထိန်းနိုင်ရမယ်လေ..ကိုယ့်ကို သူတစ်ပါးအထင်သေးနိုင်မဲ့ အပြုမူမျိုး ရှောင်သင့်ပါတယ်..လို့ တွေးနေမိတယ်…အတွေးကောင်းနေတုန်းပဲ ကိုစပယ်ယာရဲ့   “မိုးကောင်းမှတ်တိုင်ပါလား ..” ဆိုတော့မှ ကျွန်မလည်း ထိုင်ရာမှ ထပြီး ဆင်းမဲ့ မှတ်တိုင်ရောက်ပြီမို့ ဆင်းလိုက်ပါတော့တယ်..

ဒါကတော့ ကျွန်မဲ့ရဲ ဘက်စ်ကားစီးတဲ့ အတွေ့အကြုံလေးတစ်ခုပေါ့….

လမင်းငယ်

Advertisements
 

2 Responses to “when i travella by bus!”

  1. tayza Says:

    ဘာလို့ သူများတွေ ကို လိုက်ကြည့်နေတာလဲ။ 🙂

  2. Thiha Yarzar Says:

    လောကကြီးဆိုတာ ပြင်ရန်ပြောင်းရန် မလွယ်ကူတဲ့ အထဲမှာပါပါတယ် ….

    ကံ၊ လော၊ ဗု၊ ဈာန် ဤလေးတန် မကြံအပ်စွ ရူးတတ်လှ၏ … .. .
    ကံ ကိုသော်၎င်း၊ လောက ကိုသော်၎င်း၊ ဗုဒ္ဓ ကိုသော်၎င်း၊ ဈာန်ဝင်စားနေသော ပုဂ္ဂိုလ် ကိုသော်၎င်း ဖျက်ဆီးရန် ပြုပြင်ပြောင်းလဲရန် ကြံစည်ခြင်းငှာ မစွမ်းသာလို့ သိနိုင်တယ်။

    ဒါကြောင့် မနိုင်ဝန်မထမ်းပဲ ကြည့်နေပါ … သံသရာ ရဟတ်ဆိုတာ တစ်ပတ်ပြီး တစ်ပတ် လည်နေတာပဲလေ … … …
    နေတတ်ခဲ့ရင် ဘ၀ကို ကျေနပ်မှာပါ လမင်းငယ် … … …


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s