လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

My New Job! October 22, 2009

Filed under: ခံစားမူရသ — လမင်းငယ် @ 4:17 am

လောကမှာ လူတွေအားလုံးက စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတယ်..ကြိုးစားနေရတယ်…ကြိုးစားဖို့ဆိုတာလည်း အလုပ်တစ်ခုတော့ ရရှိထားဖို့ လိုပါတယ်..ဒီခေတ်ထဲမှာ အလုပ်တစ်ခုရဖို့မလွယ်ကူပါဘူး..ရွေးချယ်ပိုင်ခွင့်ဆိုတာလည်း မရှိသလောက်ပါပဲ …တစ်ခါတရံတော့လည်း ရွေးချယ်ခွင့်မရှိတဲ့ အလုပ်က မိမိအတွက် အမှန်ဆုံးနဲ့ အသင့်တော်ဆုံးအလုပ်တစ်ခု ဖြစ်သွားတတ်ပါတယ်..

ကျွန်မဆိုရင် ကလေးတွေကို စိတ်မရှည်တဲ့သူပါ..ကလေးတွေကို စာသင်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် တွေးတောင် မတွေးမိပါဘူး..ဒါပေမဲ့ ကျွန်မရဲ့ ရွေးချယ် ခွင့်မရှိတဲ့အလုပ်က သာမန်ကလေးတွေတောင်မဟုတ်တဲ့ မသန်စွမ်းကလေး  ဥာဏ်ရည်နိမ့်ကလေးတွေကို စာသင်ပေးရတဲ့ (special education teacher) ဖြစ် နေခဲ့တယ်..စစချင်းတော့ အရမ်းကို စိတ်ညစ်ရပါတယ်..ကျွန်မမှာ အတွေ့အကြုံကလည်းမရှိ၊ စိတ်လည်းမရှည်တော့ မဖြစ်လောက်ဘူးဆိုပြီး စိတ်ဆင်းရဲ မိပါတယ်..

ဒါပေမဲ့ ကျွန်မ အားမလျှော့ပါဘူး..ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ပဲထားရှိပါတယ်..လူကြီးတွေရဲ့ယုံကြည်မှုကိုလည်း မဖယ်ရှားချင်တဲ့အတွက်ကြောင့်ပါ..ပထမဆုံး ကလေးတွေရဲ့ ချစ်ခင်မှုကို အရင်ရယူပါတယ်..စိတ်ရှည်သည်းခံပါတယ်..သူတို့အပေါ် စေတနာစိတ်ရင်းမှန်နဲ့ လုပ်ကိုင်ပါတယ်..ပထမတော့ သူတို့ ကိုစာရေးခိုင်းတာ တွေလုပ်ရင် စိတ်တိုပါတယ်..ငြင်းကြပါတယ်..နောက်ပိုင်း သူတို့နဲ့ကိုက်တဲ့ ပုံစံလေးတွေနဲ့ သင်ပါတယ်..အစွမ်းကုန်ဆုံး ကျွန်မစိတ်ကိုပြင်ပြီး သည်းခံပြီး သင်ပေးတဲ့ အခါမှာ သူတို့တွေ ကျွန်မကို အသိမှတ်ပြုလာကြပါတယ်..နောက်ဆုံးတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ကိစ္စ တစ်ခုဟာ အောင်မြင်သွားခဲ့ပါတယ်..လူကြီးတွေရဲ့ အထင် ကြီးခြင်း၊ ကလေးတွေရဲ့ ချစ်ခြင်းပါ အပြည့်ဝ ရရှိခဲ့ပါတယ်..

ဒါကြောင့် ဘယ်အရာကိုမဆို လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့…ရတဲ့အခွင့်ရေးကို အကောင်းမွန်ဆုံး အသုံးချပါ..မိမိကိုယ်ကို ပြင်ဆင်သင့်ရင် ပြင်ရပါမယ်..ကြိုးစား အားထုတ်ရပါမယ်..ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်တော့မှ မကျရှုံးပါဘူး..လဲရင်ပြန်ထ အဲဒါ ဘ၀ ပါပဲ..

ကြိုးစားချင်စိတ်ပြင်းသော လူငယ်များဖြစ်ကြပါစေနော် …

လမင်းငယ်

Advertisements
 

4 Responses to “My New Job!”

  1. lovercreater Says:

    အောင်မြင်ပါစေခင်ဗျာ

  2. purplemay Says:

    မသန်စွမ်းကလေးတွေကို သင်ပေးရတယ်ဆိုလို့ အရမ်းစိတ်ဝင်စားပါတယ်…
    အဲ့လိုအလုပ်မျိုးဟာ ပရဟိတစိတ်ရှိတဲ့သူမျိုးမှ လုပ်နိုင်တာပါ ….။
    အောင်မြင်ပါစေ…။
    အဲ့ဒီကအတွေ့အကြုံလေးတွေလည်း တင်ပါဦး…အရမ်းစိတ်ဝင်စားပါတယ်

    • ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်နော် …အတွေ့အကြုံတွေကတော့ အများကြီးပဲ ..ရေးမယ်နော် ..လောလောဆည်တော့ စာမေးပွဲဖြေရမှာမိုလို့ စောင့်ပေးနော်….

  3. Thiha Yarzar Says:

    ဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းခက်ပါတယ် …………

    ကြိုးစားပြီးမှ အောင်မြင်လာရတယ်ဆိုတော့ ပိုပြီးခက်တာပေါ့ …………..

    ဆက်ထိန်းထားပါ လုပ်နိုင်သူဖြစ်သလို လုပ်ပိုင်ခွင့်ရှိသူလည်း ဖြစ်ပါစေဗျာ …………………..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s