လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Finding Lover! October 22, 2009

Filed under: ဗဟုသုတ — လမင်းငယ် @ 11:40 pm

ကမ္ဘာဦးအစတုန်းကပေါ့…
ကျား နဲ့ မ ဆိုတဲ့ လိင်သဘောတရားနှစ်ခုဟာ ခနာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစပ်တည်ရှိနေကြသတဲ့..လုံးဝန်းတဲ့ ပုံသဏ္ဍန်ရှိတယ်..အဲဒီထဲမှာမှ မျက်နှာနှစ်ခု၊ လက်လေးဖက် ခြေလေးဖက် ရှိကြတယ်..နောက်ပိုင်းမှာတော့ အဲဒီလုံးဝန်းတဲ့ပုံသဏ္ဍန်ရှိတဲ့ ပေါင်းစပ်ထားတဲ့ လူနှစ်ယောက်တွေဟာ အင်အားကြီးမားလာပြီး ကောင်း ကင်မှာရှိတဲ့ နတ်ဒေ၀တာတွေကိုတောင် တိုက်ခိုက်ဖို့ ခြိမ်းခြောက် ရန်မူလာကြသတဲ့..အဲဒါနဲ့ပဲ နောက်ဆုံးတော့ ဂျူပီတာလို့ခေါ်တဲ့ ဇု နတ်မင်းကြီးက သူ့ရဲ့ နတ်ကတ်ဘိ နတ်အဖွဲ့နဲ့တိုင်ပင်ပြီး ကောင်းကင်ဘုံရဲ့  စွမ်းအား (The strength of Heaven) နဲ့ အဲဒီလုံးဝန်းနေတဲ့အရာတွေကို နှစ်ခြမ်းခွဲလိုက်ကြတယ်..တစ်ပိုင်းက ယောက်ျားတွေ ဖြစ်လာပြီး နောက်တစ်ပိုင်းက မိန်းကလေးတွေ ဖြစ်လာခဲ့တယ်..အဲဒီကစပြီး အခြမ်းနှစ်ခြမ်းဟာ အရင်လို ပြန်ပေါင်းစည်းဖို့အတွက် ကိုယ့်အခြမ်း သူ့ အခြမ်းကို ပြန်လိုက် ရှာနေကြသတဲ့…
အဲဒီလို လိုက်ရှာနေလို့ပဲ အချစ်ဆိုတာ ဖြစ်ပေါ်လာရတာပါ တဲ့လေ..အဲဒါကြောင့်လည်း တင်စားပြောဆိုကြတယ် …
“မင်းဟာ ကိုယ့်ရဲ့ ပျောက်နေတဲ့ ဇု နတ်မင်းကြီးခွဲလိုက်တဲ့ ကိုယ့်ရဲ့ အခြမ်းလေးပါပဲ..ရှာနေတာကြာနေပြီ..ခုမှပဲတွေ့တော့တယ်” တဲ့ ဟိ ဟိ..
မှတ်သားသင့်တဲ့ ဗဟုသုတလေးပဲနော်….
လမင်းငယ်

 

One Response to “Finding Lover!”

  1. Thiha Yarzar Says:

    အင်း ရှာရင်း ရှာရင်း မျက်စေ့လည်သွားတော့ အခြမ်းတွေ Balance မညီပဲပေါင်းမိတာလည်း ရှိကြမှာပဲနော်။

    ဟဲ ဟဲ မှားပေါင်းမိတဲ့ အခြမ်းတွေကတော့ စိတ်ညစ်ကြမှာပဲနော် …………..

    ကိုယ်က အရပ်ရှည်တော့ အခြမ်းရှည်ရှည်ရှာရင်း ကုန်ခဲ့ရတဲ့ အချိန်တွေများပါပကော ………..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s