လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)
For Lovers!! October 20, 2009
Filed under: ခံစားမူရသ — လမင်းငယ် @ 11:39 am
ချစ်သူနှစ်ဦးရဲ့နောက်ဆုံးပန်းတိုင်ဟာ လက်ထပ်ထိမ်းမြားခြင်း….တဲ့.
အဲဒီပန်းတိုင်ကိုရောက်ဖို့ ချစ်သူနှစ်ဦးဟာ ကြိုးစားရတယ်..ပြင်ဆင်ရတယ်..အချိန်ယူရတယ်..ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူး..
အဲဒါတွေထက် အရေးကြီးတာတစ်ခုကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိခြင်းပါပဲ
သူစိမ်းနှစ်ယောက် ပေါင်းဖက်မှာလေ..
တစ်ယောက်ကိုတစ်ယောက် လေ့လာရမယ်..ဘာအားနည်းချက်တွေရှိလဲ၊ ဘာလိုအပ်နေလဲ၊
ပြုပြင်လို့ရလား၊ မရနိုင်ဘူးလားဆိုတာ ချစ်သူဘ၀ကတည်းက အချိန်ယူပြီး
လေ့လာသင့်ပါတယ်..
အတွင်းစိတ်ကိုသိဖို့ လိုအပ်ပါတယ်…ကြိုတင်ပြင်ဆင်သိမြင်ခြင်းဟာ
ချစ်သူနှစ်ဦးရဲ့ အနာဂတ်လှပဖို့ပါပဲ….
အခုခေတ်အခြေအနေအရဆိုရင် လက်ထပ်ပေါင်းသင်းခြင်းမပြုမှီ
သွေးစစ်ကြည့်ဖို့လိုအပ်တယ်ဆိုတာ အလေးနက်ဆုံး ပြောပါရစေ…ဘ၀နှစ်ခုလုံးကို
မြုပ်နှံရမှာဆိုတော့ အရေးကြီးပါတယ်..စိတ်လည်းသန့်တယ်..ပျော်ရွှင်မှုလည်း
အပြည့်ဝ ခံစားနိုင်ကြမှာပါ ..
အဲဒါနဲ့ပတ်သတ်ပြီး အဖြစ်ပျက်လေးတစ်ခု ပြောပြချင်ပါတယ်..ချစ်သူတွေအားလုံး
သင်ခန်းစာ ယူနိုင်အောင်ပါ..
ကျွန်မမှာ
သူငယ်ချင်းတစ်ယောက်ရှိပါတယ်..အချစ်ဆုံးသူငယ်ချင်းပါ..သူဟာ အချစ်ကို
ကိုးကွယ်ခဲ့သူတစ်ယောက်…ကိုယ့်ဘ၀တစ်ခုလုံးကိုတောင် အနစ်မွန်းခံပြီး
ချစ်သူကိုချစ်ရဲတဲ့ အချစ်သူရဲကောင်းကြီးပါ..
သူဟာ ………………..ဆိုတဲ့ ကောင်လေးနဲ့ ချစ်သူဖြစ်ခဲ့တယ်..သူမထက်
နှစ်နှစ်ကြီးပေမဲ့ သူမက က ပိုချစ်ရပါတယ်..ချစ်သူဘ၀မှာကတည်းက အနစ်နာခံပြီး
ချစ်လာခဲ့တာပါ..
ကောင်လေးက အရမ်းပွေရှုပ်ပါတယ်..သူပြောနေကျစကားလေးကတော့
”ကိုယ်ဘယ်လောက်ပဲရှုပ်ရှုပ် နောက်ဆုံး ကိုယ်တကယ်ချစ်ရတဲ့ မင်းကိုပဲ
ကိုယ့်ဇနီးမယားနေရာမှာ ထားမှာပါ“ ဆိုတာပဲ….
သူမလည်း အဲဒီစကားလေးနဲ့တင်
ကျေနပ်နေခဲ့တယ်…ခွင့်လွတ်နေခဲ့တယ်..သ၀န်တိုမှုလည်းမရှိ ..နောက်ဆုံး
ငါ့ဆီရောက်မှာပဲဆိုပြီး အရာအားလုံးကိုလစ်လျူရှုပြီး နေခဲ့ပါတယ်။
တွေ့ချိန်တန်တွေ့တယ်..ပေါ့ပေါ့လေးပဲ နေခဲ့ပါတယ်..သူငယ်ချင်းတွေ
ပတ်ဝန်းကျင်က တားတာတွေကိုလည်း လက်မခံခဲ့ပါဘူး…ကျွန်မဆိုရင် သူ့ကို အမြဲ
ဖျောင်းဖျပြီး တားပါတယ်။ အဆက်ဖြတ်လိုက်ဖို့ တိုက်တွန်းတာလည်း ခဏခဏပါပဲ
..ဒါပေမဲ့ သူလုံးဝ လက်မခံခဲ့ပါဘူး..နောက်ဆုံး ကျွန်မပြောခဲ့ပါတယ် ..“နင်
အဲဒီ ကို ………ကိုမဖြတ်ရင် ငါ့ကို သူငယ်ချင်းစာရင်းကနေ ဖျက်လိုက်တော့
ဆိုပြီး ပြောခဲ့ပါတယ်..သူ လုံးဝ မမှုပါဘူး။ သူကျွန်မကို
လစ်လျူရှုခဲ့ပါတယ်..
ကိုယ့်သူငယ်ချင်းအရင်းကြီးကိုတောင်စွန့်ပြီး
သူ့ရည်းစားကိုပဲရွေးတယ်ဆိုပြီး ကျွန်မလည်း သူ့ကို
ပစ်ထားခဲ့မိပါတယ်…အဲဒီအတောအတွင်း ကျွန်မလည်း အိမ်ထောင်ကျပြီး
တခြားတနေရာကိုပြောင်းရွှေ့လိုက်တော့ ပို
အဆက်သွယ်ပြတ်သွားခဲ့ပါတယ်..တစ်နှစ်လောက်ကြာတော့ သတင်းရရှိခဲ့ပါတယ်..သူ
လက်ထပ်လိုက်ပြီ သူ့ကောင်လေးနဲ့ပဲဆိုပြီး ကျွန်မသူငယ်ချင်းတစ်ယောက်က
ဖုန်းဆက်ပြီး သတင်းပေးပါတယ်..
ဖုန်းထဲမှာလည်း အဲဒီကောင်လေးရဲ့ မကောင်းကြောင်းတွေပါ
ကြားလိုက်ရပါသေးတယ်..ကျွန်မလည်း စိတ်မကောင်းဖြစ်မိတာကလွဲလို့ ဘာမှ
မတတ်နိုင်ခဲ့ပါဘူး..သူ့မင်္ဂလာဆောင်ကိုတောင် သူငယ်ချင်းအရင်းဖြစ်တဲ့
ကျွန်မကိုတောင် မဖိတ်ခဲ့ပါဘူး…သူနဲ့ပတ်သတ်ပြီး စိတ်မကောင်းခြင်းတွေပဲ
ဖြစ်နေမိခဲ့ပါတယ်.
အချိန်တွေကုန်လွန်သွားခဲ့ပါတယ်..ကျွန်မရဲ့ ကိစတစ်ခုကြောင့်
ရန်ကုန်ကိုရောက်လာခဲ့ပါတယ်..ရန်ကုန်ကိုရောက်တာနဲ့ သူမကိုသတိရမိပေမဲ့
စိတ်ထဲက အခဲမကျေမှုလေးတွေရှိမိတာကြောင့် သူမ ဆီ မသွားဖြစ်ခဲ့ပါဘူး..တစ်နေ့
ကျွန်မစိတ်ထဲမှာ သူ့ကို အရမ်းသတိရမိပြီး တွေ့ချင်မိတဲ့အတွက်ကြောင့်
ဘာပဲဖြစ်ဖြစ် သွားလိုက်မယ်..အသက်တွေလည်းကြီးနေပါပြီလေ..ခွင့်လွတ်သင့်ရင်
ခွင့်လွတ်၇မှာပဲ ဆိုပြီး သူ့အိမ်ကို ရုံးပိတ်ရက်တစ်ရက်မှာ
သွားဖြစ်ခဲ့ပါတယ်…သူ့အိမ်ဝင်းထဲကိုရောက်ရော တိတ်ဆိတ်မှုက
စောင့်ဆိုင်းနေသလိုပါပဲ …၀င်နေကျအတိုင်း ၀င်သွားလိုက်ပြီး သူတို့ကို
လိုက်ရှာမိပါတယ်..ထိုအချိန်မှာပဲ အခန်းထဲက
လူတစ်ယောက်ထွက်လာပါတယ်..ပိန်ကပ်မည်းချောက်ပြီး မျက်တွင်းချိုင့်ချိုင့်
အရိုးစုနဲ့ တူပါတယ်..ဘယ်သူနဲ့တွေ့ချင်လို့လဲ လို့ တုန်တုန်ရီရီနဲ့
မေးပါတယ်..ကျွန်မလည်း “ဒါ အိတို့အိမ်လား လို့မေးတော့မှ-အိမ်နောက်ဖေးက
ကျွန်မသူငယ်ချင်းထွက်လာပြီး ကျွန်မကိုလည်းတွေ့ရော
အလွန်အံ့သြ၀မ်းသာသွားပြီး ကျွန်မကိုဖက်ပြီး ငိုပါတော့တယ်
…………ရုတ်တရက် ကျွန်မလည်း ကြောင်သွားပြီး အိ ဘာဖြစ်လို့လဲ ငါလေ
..နင့်ကို အရမ်းသတိရလို့လာခဲ့တာ ဆိုပြီးပြောခဲ့ပါတယ်….အဲဒီတော့မှ
သူမလည်း အငိုတိတ်သွားပြီး အရိုးစုလိုလူလည်း
အခန်းထဲပြန်ဝင်သွားပါတော့တယ်…ပြီးတော့မှ ကျွန်မကို
အကြောင်းစုံပြောပြပါတော့တယ်..
”နင် ကို…………ကို မမှတ်မိဘူးမဟုတ်လား..“
“မှတ်မိတယ်လေ သူ ဘယ်သွားနေတာလဲ” ဆိုပြီး ကျွန်မမေးလိုက်တော့ သူ
ငိုပါတော့တယ်..ပြီးမှ..
“ခုနက အိပ်ခန်းထဲဝင်သွားတာ ငါ့ယောက်ျား ကို …………….လေ” ဆိုတော့
ကျွန်မမှာ လန့်ပြီး မျက်လုံးပြူးသွားခဲ့ရပါတယ်..အရင်တုန်းက
ဖြူဖြူခန့်ခန့်နှင့် ခန့်ညားချောမောလှသော လူတစ်ယောက်က ရှုတ်တရက်
ကျွန်မမျက်စိရှေ့မှာ လူရုပ်တောင် မပေါ်နိုင်တော့တာကို
အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်..
“ဘယ်လိုဖြစ်တာလဲ အိရယ် ငါတောင် မမှတ်မိတော့ဘူး..သူ ဘာရောဂါလဲ “
“AIDS လေ“
“ဟင်“
AIDS တဲ့။ ဘယ်လိုမှ ထင်မှတ်မထားတဲ့ရောဂါ  ကျွန်မ
သူငယ်ချင်းယောက်ျားမှာဖြစ်နေတယ်တဲ့။ ရုတ်တရက်ဆိုသလိုပဲ သူ့ကိုလည်း
စိတ်ပူသွားမိခဲ့ပါတယ်…ကျွန်မလည်း ဘာပြောလို့ပြောရမှန်းတောင်
မသိခဲ့ပါဘူး။
နောက်သူပြောပြခဲ့ပါတယ်.. သူမဟာ အရမ်းမိုက်ခဲ့ပါတယ်….သူမ
အသိုင်းအ၀ိုင်းက ဆေးဘက်ဆိုင်ရာအသိုင်းဝိုင်းဖြစ်တော့ သူတို့ မယူခင်
လူကြီးတွေက ဆေးစစ်ခိုင်းပါတယ်…လူကြီးတွေက ကောင်လေးကို သဘောမကျပေမဲ့
ကျွန်မသူငယ်ချင်းကတော့ သူမှသူ ဖြစ်နေတဲ့အတွက် သူမဆနကို
လိုက်လျောခဲ့ရပါတယ်။ လူကြီးတွေအလိုရ ဆေးစစ်ကြပါတယ်…ဆေးစစ်ချက်လည်း
ထွက်လာပါတယ်..ကောင်လေးက HIV positive ပါ။ ကျွန်မသူငယ်ချင်းမှာတော့ 
ဘာပိုးမှ မရှိခဲ့ပါဘူး။ သူမလည်း ဆေးစစ်ချက်ကို သူ့ကောင်လေးကိုရော
သူ့မိဘတွေကိုပါ ဖုံးထားပြီး လက်ထပ်ခဲ့ပါတယ်…သူ့ကောင်လေးလည်း
မသိခဲ့ပဲနဲ့ လက်ထပ်ခဲ့ပါတယ်…
လက်ထပ်ပြီး 1 နှစ်လောက်ကြာမှ သူ့အမျိုးသားမှာ
ရောဂါဝေဒနာခံစားရတော့တာပါ…ရလာတဲ့နောင်တက
အရမ်းနောက်ကျသွားခဲ့ပါပြီ…ဘာတစ်ခုမှ ပြင်ဆင်လို့ မရတော့ပါဘူး …
ကျွန်မသူငယ်ချင်းလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေပါတယ်..သူမ
အမျိုးသားလည်း နေ့ ည မှန်း မသိတဲ့ အခြေအနေကို
ရောက်ရှိနေပါပြီ..ချစ်စရာကောင်းပြီး ထက်မြက်တဲ့ သူမ ဘ၀လေးလည်း
ပျက်ဆီးသွားခဲ့ပါပြီ။
လူဆိုတာ ကိုယ်စိုက်တဲ့အတိုင်း
ကိုယ်ရိတ်သိမ်းရပါတယ်..ကိုယ့်သမိုင်းကိုယ်ရေးရပါတယ်…ဒါပေမဲ့
ရေးတဲ့သမိုင်းလေးက လှပဖို့လိုအပ်ပါတယ်….
ချစ်တာတစ်ခုတည်းကို ဦးစားပေးလို့ မရပါဘူး။ အချစ်တစ်ခုတည်းနဲ့
အိမ်ထောင်ရေး အဆင်မပြေနိုင်ပါဘူး….အချစ်အတွက်နဲ့
မရူးမိုက်သင့်ပါဘူး…ဘယ်အရာကိုမဆို မလုပ်ခင် စဉ်းစားသင့်ပါတယ်..
လုပ်ပြီးမှ နောင်တတွေ တပွေ့တပိုက်နဲ့
ဝမ်းမနည်းသင့်ပါဘူး…ဒီအဖြစ်အပျက်လေးက ချစ်သူတွေအတွက်
သင်ခန်းစာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..
ကျွန်မသူငယ်ချင်းလိုပဲ အချစ်ကို မရူးသွပ်ခေချင်ပါဘူး…သူ
အမျိုးသားလိုလည်း မပွေရှုပ်ကြပါနဲ့…ကိုယ့် ချစ်သူအပေါ်
သစာရှိကြပါ…တန်ဖိုးထားပါ ..မြတ်နိုးပါ ..
အချစ်ကိုမှန်ကန်စွာရွေးချယ်နိုင်ပြီး ချစ်သူအပေါ်သစာရှိတဲ့
ချစ်သူများဖြစ်ကြပါစေနော်…
ရွေးချယ်မှု မှန်ကန်နိုင်ကြပါစေ…
လမင်းငယ်
4 Responses to “For Lovers!!”
  1. လမင်းငယ်က လာလည်တော့ မိုးသောက်ကြယ်က ပြန်လိုက်လာတာပေါ့နော်
  2. flowerpoem Says:
    အမျိုးသားတေါ ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် စိတ်အလိုမလိုက်ပဲ သစ္စာရှိသင့်ပါတယ်နော်.
  3. purplemay Says:
    အဲ့လောက်တောင် အချစ်ကြီးရလားဟင်…..မိုက်လိုက်တာလို့တော့မပြောတော့ပါဘူး…
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s