လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

Broken heart!! October 20, 2009

Filed under: ခံစားမူရသ — လမင်းငယ် @ 6:46 am

အသည်းကွဲခြင်းတဲ့ ……………………..
အသည်းကွဲတယ်ဆိုတာ  ကိုယ်ပိုင်ဆိုင်ထားတဲ့အရာ၊ ကိုယ်တန်ဖိုးထားမြတ်နိုးရတဲ့အရာ တစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်တဲ့ ခံစားချက်လေးပဲ ဖြစ်ပါတယ်..

အခြေအနေအမျိုးမျိုးကြောင့် အသည်းကွဲတယ်ဆိုတာ ဖြစ်ပေါ်လာတာပါ…..
(1) မိမိချစ်သူက မိမိကို ရက်ရက်စက်စက်ထားပစ်ခဲ့ခြင်း

ဘာကြောင့် ထားခဲ့ရတာလဲ..မိမိကလည်း သူ့အပေါ်တန်ဖိုးထားမြတ်နိုးနေပါရက်နဲ့ သူ့အပေါ် အပြစ်လည်းမလုပ်၊ ကောင်းနေပါရက်နဲ့ ဘာကြောင့် ထားခဲ့ရတာလဲ….
နောက်တစ်ယောက် တွေ့ရှိသွားလို့လား..
မိမိကို စိတ်ကုန်သွားလို့လား…
ကိုယ့် ဘာသာကိုယ် ပြန်လည်သုံးသပ်ပါ…
အကြောင်းမရှိပါပဲလျှက် ထားသွားခဲ့ခြင်းဆိုလျှင်တော့ သူဟာ ကိုယ့်အပေါ်တစ်ကယ်မချစ်တာ သေချာသွားပါပြီ…ကိုယ့်အပေါ်တစ်ကယ်မချစ်တဲ့သူအတွက် နာကျင်ပူဆွေး မနေပါနဲ့ …
ဖြေသိမ့်လိုက်ပါ
အလွမ်းလာရင် အနာနဲ့ ဖို့ပါ…ငါဟာ သူ့အပေါ်ကောင်းနေပါရက်နဲ့ သူ ငါ့ကို ထားသွားခဲ့တယ်…သူဟာ တစ်ကယ်တော့ ငါနဲ့ မထိုက်တန်သူတစ်ယောက်ပဲ…ငါ့ရဲ့ မွန်မြတ်တဲ့ အချစ်နဲ့ မထိုက်တန်သူတစ်ယောက်ပဲ ဆိုပြီး နာကျည်းလိုက်ပါ ……ကုန်ဆုံးသွားတဲ့ အချိန်တွေကို နှမြောပါ…ကိုယ်လုပ်ပေးတဲ့အရာနဲ့ သူ့ရဲ့တုန့်ပြန်ချက်ကို နှိုင်းယှဉ်ကြည့်ပါ…ကွာခြားချက်တွေ တွေ့ရှိလာပါလိမ့်မယ်…အဲဒီ ကွာခြားချက်ပေါ်မူတည်ပြီး နာကျည်းလိုက်ပါ..
စောစောလမ်းခွဲသွားတာ ကံကောင်းခြင်းလို့ပဲ မှတ်ယူလိုက်ပါ…သင်ခန်းစာရတယ်လို့ပဲ သဘောထားလိုက်ပါ..သတိရမိတိုင်း ကိုယ့်အပေါ်သူပြုမူချက်တွေကို ပြန်တွေးပြီး သတိရမိတဲ့စိတ်ကို မေ့ဖျောက်ပစ်ပါ…စိတ်သက်သာရပြီး လုပ်ရမဲ့အလုပ်တွေကို အောင်မြင်စွာနဲ့ လုပ်ကိုင်လာနိုင်လိမ့်မယ်…..
(2) မိမိက ချစ်သူကို ထားပစ်ခဲ့ရခြင်း
ဘာကြောင့် ထားခဲ့ရတာလဲ…မိမိက မိမိချစ်သူကို ချစ်ပါရက်နဲ့ ရွေးချယ်ခွင့်မရှိတော့တာကြောင့် ..မိမိဘ၀အခြေအနေကြောင့်၊ ညှိနှိုင်းလို့ မရတော့တဲ့အခြေအနေတွေကြောင့် တစ်ခါတရံမှာ ချစ်ခင်မြတ်နိုးပါရက်နဲ့ စွန့်လွတ် လိုက်ရပါတယ်…ဖြစ်ပေါ်လာတဲ့ နာကျင်ခံစားမှုကတော့ ရူးမတတ်ပါပဲ..ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားရလောက်တဲ့အထိတောင် ခံစားရပါတယ်..ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်နေအောင် ခံစားရပါတယ်..
ခံစားရအခက်ဆုံးပါပဲ..မတတ်သာတဲ့အခြေအနေကြောင့် စွန့်လွတ်ရတာပါ….
ဖြေသိမ့်လိုက်ပါ
လောကမှာ ဘယ်အရာကိုမဆို တစ်ခုလိုချင်ရင် တစ်ခုကိုတော့ စွန့်လွတ်ရတယ်ဆိုတာကို သတိရပါ ..မိမိသာ ရွေးချယ်မှုမှန်ကန်တဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို အသိမှတ်ပြုလိုက်ပါ..ဂုဏ်ယူလိုက်ပါ..
ငါ့ဘ၀မှာ ရှေ့လျှောက် ကောင်းမွန်ခြင်းတွေနဲ့ ပြည့်စုံနေမှာပါဆိုတဲ့ အနာဂတ်ကို ကြိုတွေးပြီး ပျော်ရွှင်မှုကို ရယူပါ…မိမိကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ထားရှိပါ..နောင်တကို အတတ်နိုင်ဆုံး မရအောင် ထိန်းပါ. ဘ၀တစ်ခုလုံးမှာ အချစ်ဆိုတဲ့အရာကို အသေးဖွဲဆုံးလို့ ခံယူထားလိုက်ပါ …အချိန်ကြာလာတာနှင့်အမျှ အရာအားလုံး မေ့ပျောက်မသွားသည့်တိုင်အောင် ဖြေသိမ့်နိုင်ပါလိမ့်မယ်….စိတ်ထားတတ်လာပါလိမ့်မယ်….
(3) နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲမှုကြောင့်………
သူစိမ်းနှစ်ယောက်မှာ စိတ်သဘောထားခြင်းတိုက်ဆိုင်ဖို့ စိတ်တူညီဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့ ကိစရပ်တစ်ခုပါ ..ချစ်သူတွေဖြစ်လာရင် ညိနှိုင်းရပါမယ်..နားလည်မှုတွေ ယူရမယ်..တစ်ယောက်ကတင်းရင် တစ်ယောက်ကလျှော့ရမှာပါ…ပြိုင်တင်းနေရင်တော့ တင်းလွန်းတဲ့ကြိုးလေးဟာ ပြတ်သွားတတ်တာ ထုံးစံပါပဲ…ဒီလိုပါပဲ ချစ်သူတွေလည်း ချစ်သူတွေဘ၀မှာတောင် နားလည်မှုမရှိရင် နောင်လာမဲ့ ရှေ့ဆက်ရမယ့် အနာဂတ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး….
ဖြေသိမ့်လိုက်ပါ .
ညှိနှုင်းလို့မရ ..နားလည်မှုမရှိတဲ့ ချစ်သူတစ်ယောက်ကို ရှေ့ဆက်ပြီး လက်တွဲနေမယ်ဆိုရင် ဖြစ်လာမဲ့ အရာတွေကို တွေးကြည့်လိုက်ပါ..ပျော်ရွှင်စရာမကောင်းဘူးဆိုတာ သိလာပါလိမ့်မယ်..နောက်တစ်ဆင့်တက်ပြီး ပေါင်းစပ်ဖို့ကို တွေးကြည့်လိုက်ပါ..မဖြစ်နိုင်ဘူးဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်လာပါလိမ့်မယ်….မိမိရွေးချယ်မှု မှန်ကန်တယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရလာပြီး ရှေ့အနာဂတ်လည်း သာယာလှပလာမှာပါ…..

တစ်ခါတရံ နှလုံးသားထက် ဦးနှောက်ကို  ဦးစားပေးရပါလိမ့်မယ်………...
လမင်းငယ်

 

3 Responses to “Broken heart!!”

  1. တစ်ကယ်ကို နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးရမှာလား။ ကျွန်တော်က အဲ့လိုဖြစ်ချင်ချင်ရယ်…

    • ဖြစ်သင့်ပါတယ် ..နှလုံးသားကို ဦးစားပေးမိလို့ ဘ၀ပျက်သွားတာ လက်တွေ့မှာ အများကြီး ရှိတယ်လေ…

  2. Thiha Yarzar Says:

    အဟဲ ….. …. … .. .
    ဦးဏှောက်နဲ့ စဉ်းစား နှလုံးသားနဲ့ ခံစား … .. .

    ပြီးတော့ ပြီးတော့ …………..

    ပေါင်းစပ်ဆုံးဖြတ်လိုက်တာ လူပျိုကြီး ဖြစ်ပါပကောဗျာ ……..


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s