လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

BE A GOOD PERSON! October 20, 2009

Filed under: ခံစားမူရသ — လမင်းငယ် @ 10:54 am

လူ့ဘ၀ဆိုတာ ရဖို့ ခက်ခဲတဲ့ အရာတစ်ခုပါ၊ လူဖြစ်လာတာဟာ ကြီးမားတဲ့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပေါ့။ ဘာဖြစ်လို့များ ကျေနပ်မှုမရှိ၊ ရောင့်ရဲမှုမရှိဘဲ ညည်းတွားနေရတာလဲ။ လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြတယ်၊ ရှိလည်းရှိသင့်တယ်။ ကိုယ်ပိုင်ဘ၀ ဆိုတာ ရှိကြတယ်။
အဆင်ပြေမှု၊ အဆင်မပြေမှု ကိုယ်စီရှိကြတယ်။ အားလုံးအတူတူဆိုတာသိထားသင့်တယ်။ ကိုယ့်တစ်ယောက်တည်း ကံဆိုးနေတာ မဟုတ်ပါဘူး။ လူတိုင်းမှာ အခက်ခဲ ကိုယ်စီရှိနေကြတယ်။ ဖော်ပြလို့ ရတဲ့ဒုက္ခနဲ့ ဖော်ပြလို့ မရတဲ့ ဒုက ပဲကွာလိမ့်မယ်။ အဓိကကတော့ စိတ်ထားတတ်ဖို့ပါပဲ။
ဥပမာ-
ရောဂါပြင်းစွာခံစားနေရတဲ့ လူတစ်ယောက်ဆိုပါစို့။ သူရောဂါခံစားရလို့ သူ့ ဆွေမျိုးအသိုင်းဝိုင်း၊ မိဘတွေက ကြည့်ရှုစောင့်ရှောက်ကြမှာပဲ။ ဖေးမကြမယ်၊ အားပေးကြမယ်၊ ကူညီကြမယ်။ အဲဒါကို ရောဂါသည်က စိတ်ပျက်အားငယ်နေပြီး ငါ့ဘ၀ကလည်း ကံဆိုးလိုက်တာ၊ ငါ့ကျမှ ဒီလိုဖြစ်ရတယ်၊ ရက်စက်လှတဲ့ ကံကြမာရယ် ဆိုပြီး ညည်းတွားပြောဆိုနေမယ်ဆိုရင် သူလည်း စိတ်ဆင်းရဲမယ်၊ စိတ်ဆင်းရဲမှုကြောင့်
မစားချင်မသောက်ချင်ဖြစ်မယ်၊ မစားချင်မသောက်ချင်တဲ့အတွက်ကြောင့် ရောဂါပိုဆိုးမယ်၊ နောက်ဆုံး စိတ်ဖိစီးမှုကြောင့် သေမင်းဆီ ရောက်သွားမယ်။ သူ့ကိုပြုစုစောင့်ရှောက်နေတဲ့လူတွေလည်း စိတ်ဆင်းရဲရမယ်၊ ကြေကွဲရမယ်၊ ၀မ်းနည်းရမယ်။နောက်ဆုံးတော့ ငွေကုန် လူပင်ပန်းနဲ့ သူတို့ရဲ့ နေကောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်ပျောက်ဆုံးသွားရမယ် သေသွားတဲ့အခါမှာလည်း ဖြစ်ရလေချင်းဆိုပြီး မဖြေသိမ့်နိုင်ပဲ ရှိနေကြလိမ့်မယ်။ နောက်အခြားဆန့်ကျင်ဖက်ကနေ ကြည့်။ ရောဂါပြင်းထန်စွာခံစားနေရတဲ့သူ ။သြော် ..ငါ ရောဂါခံစားနေရတဲ့အတွက် ငါ့ကို ပြုစုစောင့်ရှောက်ကြတယ်၊ ကူညီဖေးမကြတယ်၊ သူတို့မေတာတွေငါရတယ်၊ ငါအေးဆေးနေရတယ်၊ တစ်နေ့တစ်နေ့ ငါ့ကို လာကြည့်တဲ့လူတွေကလည်း အများကြီးပဲ …သူတို့ရဲ့ မေတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ ငါ အတတ်နိုင်ဆုံးကျန်းမာအောင်နေရမယ်။ ဆေးတွေသောက်မယ်၊ အစာကောင်းကောင်းစားမယ်.စိတ်တင်းထားရမယ်ဆိုပြီး အကောင်းဘက်ကတွေးတယ်၊ စိတ်ဆောင်တော့ ကျန်းမာလာတယ်၊ အစားကောင်းကောင်းစားပြီး သူလည်း သူ့ဘာသာသူ ဂရုစိုက်၊ အားလုံးသောဆွေမျိုးသားချင်းတွေကလည်း ဖေးမမှုကြောင့် ပြန်ကောင်းလာနိုင်တယ်။ နောက်ဆုံးမကောင်းလာရင်တောင်မှ သူ့ ရဲ့အကောင်းမြင်တတ်မှုကြောင့် တမလွန်ကိုစိတ်အေးချမ်းသာစွာနဲ့သွားနိုင်တယ်။ သူ့ဆွေမျိုးအသိုင်းဝိုင်းတွေကလည်း လူနာက အစာကောင်းကောင်းစားနိုင်တယ်ဆိုတဲ့အတွက်ကြောင့် မျှော်လင့်ချက်တွေနဲ့ ပိုကရုစိုက်လာနိုင်တယ်၊ လူနာရဲ့ ရွှင်လန်းတဲ့မျက်နှာကြောင့် ၀မ်းသာရတယ်။ ရောဂါမခံစားရတဲ့ လကဏာကြောင့် စိတ်ချမ်းသာမယ်၊ နောက်ဆုံး သေဆုံးသွားရင်တောင်မှ ငါတို့ လုပ်ပေးရကျိုးနပ်ပါတယ်လေ၊ သူ့ခမျာ အေးအေးဆေးဆေးနဲ့ပဲ အသက်ဆုံးသွားတာ၊ ဆိုပြီး ဖြေသိမ့်နိုင်တယ်။   သူငယ်ချင်းတို့ရေ အထက်ပါဖော်ပြချက် နှစ်ခု မှာ ဘယ်အဖြစ်ပျက်ကများ စိတ်ချမ်းသာမှု ပေးနိုင်မလဲ။ အဲဒါကြောင့် စိတ်ထားတတ်ဖို့ပဲလိုတယ်…ဖြစ်သမျှကို အကောင်းဘက်က တွေးတောနိုင်စွမ်းရှိရမယ်။ အကောင်းဘက်ကတွေးရင် အကောင်းပဲဖြစ်လာနိုင်သလို ဆိုးတဲ့ဘက်ကတွေးရင်လည်း အဆိုးပဲ ဖြစ်လာမှာပါ။ လူဆိုတာ အမှားအများဆုံးလုပ်တတ်တဲ့ သတ၀ါတွေပဲ။ နောင်တဆိုတာလည်း နောင်မှ တတဲ့အရာတွေပါ။ မှားမှန်းသိရက်နဲ့ ဆက်လုပ်နေတာ လူမိုက် အမှားထဲက သင်ခန်းစာယူနိုင်တာ လူလိမာ။ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို နောင်တ ရနေမဲ့အစား ကောင်းအောင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာကိုပဲ တွေးတောတတ်ရမှာပါ။ ဖြစ်ပြီးတဲ့အရာတွေကို ပြန်ပြုပြင်နိုင်စွမ်းမရှိတော့သလို ဖြစ်လာတဲ့အကျိုးဆက်ကို သတိရှိစွာနဲ့ ခံယူပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင်ပြန်လုပ်မရမလဲဆိုတာကို ကြိုးစားရမှာပါ။ ပြသာနာတိုင်းမှာ အဖြေရှိပါတယ်။ ပုစာတိုင်းမှာလဲ အဖြေရှိတယ်။ အဖြေကို ရှာတတ်ပါစေနော်။ လောကကြီးက သူ့ဘာသာသူနေတာပါ။ ကိုယ်အသုံးမကျတိုင်း လောကကြီးကို အပြစ်မမြင်သင့်ဘူး။ ကံကြမာဆိုတာ လူက လုပ်တာပါ။ ကြိုတင် မမြင်ရတဲ့ ကံတရားကို အသုံးမချပါနဲ့။ မိမိကိုယ်သာ ကိုးကွယ်ရာ။ မိမိသာ ဆရာ ။မိမိသာ အကောင်းဆုံးခေါင်းဆောင်။ မိမိသာ အကောင်းဆုံး…………အကောင်းဆုံး…………………အကောင်းဆုံး……………….ဖြစ်နိုင်ကြပါစေနော် ။

> အားလုံးကိုယ်စီမှာ ပျော်ရွှင်လှပတဲ့
> အနာဂတ်လေးများရှိကြပါစေ….ပိုင်ဆိုင်နိုင်ကြပါစေ……
> လမင်းငယ်
Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s