လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

For someone!! October 20, 2009

Filed under: ခံစားမူရသ — လမင်းငယ် @ 11:32 am

အချစ်ဆိုတာကို လူတွေက အမျိုးမျိုး အဓိပါယ်ဖွင့်ဆိုကြတယ် ……………
တချို့က အချစ်ကို ရယူပိုင်ဆိုင်ခြင်း …တဲ့
တချို့က ပေးဆပ်ခြင်း ………
တချို့က စွန့်လွတ်အနစ်နာခံခြင်း ………….တဲ့ ……..
တစ်ကယ်တော့ အချစ်ဆိုတာ အလွန်တရာမှ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုတစ်ခုလေးပါပဲ..
လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ချစ်တဲ့သူရဲ့ ထားရှိတဲ့ ခံစားချက်လေးပါ
..အဲဒါကို လုပ်ယူလို့လည်း မရဘူး။ ဖန်တီးလို့လည်း မရဘူး။
နှလုံးသားထဲက အလိုလိုဖြစ်ပေါ်လာတဲ့ ခံစားချက်လေးပါပဲ …..
ကိုယ်ချစ်နေတာ သူသိရင် ကျေနပ်သင့်ပါပြီ ..
သူ့ဆီက တုန့်ပြန်မှုကို မမျှော်လင့်ပါနဲ့ …ဒါဟာ အချစ်စစ်တစ်ခုပဲ..
အချစ်ဆိုတာ အတမဆန်ရဘူး…မဆန်သင့်ဘူး ..
ကိုယ့်သာသာချစ်နေရင်လည်း ကျေနပ်နေရမယ်…
ပိုင်ဆိုင်ရမှ မဟုတ်ပါဘူး…ချစ်နေရတာကိုက အချစ်တစ်ခုပါ ……….
တွေ့နေရမှ မြင်နေရမှ အချစ်ဆိုတာ ဖြစ်လာတာ မဟုတ်ဘူး…
မတွေ့ရ မမြင်ရပေမဲ့လည်း စိတ်ထဲမှာ သူရှိနေပြီး သူ့ကိုတွေးလိုက်တာနဲ့တင်
ပျော်ရွှင်နေတာလည်း အချစ်တခုပါပဲ ..
ပိုင်ဆိုင်ခွင့်မရှိပေမဲ့လည်း `သူ` ဆိုတဲ့အတွးနဲ့တင် ကြည်နူးနေရတာလည်း
နူးညံ့သိမ်မွေ့တဲ့ အချစ်စိတ်လေးပါပဲ …
မမြင်ရတဲ့ကြိုးလေးနဲ့ချည်နှောင်

ထားတဲ့ သံယောဇဉ်ဆိုတဲ့ ကြိုးလေးဟာလည်း
အချစ်ရဲ့ အစိတ်အပိုင်းတစ်ခုလေးပါပဲ …..
အချစ်ဆိုတာ အကောင်အထည်ဖော်ပြလို့ မရနိုင်တဲ့ ခံစားမှုလေးပါ ..
အချစ်မှာ အကြောင်းပြချက်မရှိဘူး..
အကြောင်းပြချက်ရှိတဲ့ အချစ်ဟာလည်း အချစ်စစ်မဖြစ်နိုင်ဘူး
အချစ်ဆိုတာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကနေပွင့်ထွက်လာတဲ့
ခံစားမှုသန့်သန့်လေးပါပဲ…`
အချစ်က ဟန်ဆောင်မှုကင်းတယ်၊ မုသားမရှိဘူး….
လိမ်ညာမှုမရှိဘူး အပြစ်ကင်းစင်လှပါတယ် ….
အချစ်စစ်အချစ်မှန်တို့သည် အိုမင်းဟောင်းနွမ်းသွားခြင်း မရှိပါဘူး…
တကယ်တော့ အချစ်ဆိုတာ …..ပိုင်ဆိုင်ခြင်းလည်း မဟုတ်ဘူး၊
စွန့်လွတ်ခြင်းလည်း မဆိုနိုင်ဘူး..
ချစ်နေတာက အချစ်ပါပဲ…
ချစ်နေတဲ့ ခံစားမှုလေးကသာ အချစ်စစ်အချစ်မှန်ပဲ ဖြစ်ပါတယ်..
ချစ်နေတဲ့ နှလုံးသားလေးကသာ တစ်ကယ့်အချစ်အစစ်အမှန်ကို ထုတ်လွတ်ပေးနေတဲ့
LOVE MACHINE ပဲဖြစ်ပါတော့တယ်။
နူးညံ့ပြီး အပြစ်ကင်းစင်တဲ့ အချစ်မျိုး
ပိုင်ဆိုင်နိုင်ကြပါစေနော် …….
အချစ်က ခံစားမှုပဲ
ခံစားမှုကိုလိုက်ပြီး အချစ်က ပြောင်းလဲတတ်ပါတယ် …….
လမင်းငယ်
 

3 Responses to “For someone!!”

  1. flowerpoem Says:

    အချစ်ဆိုတာချစ်နေတာပဲဖြစ်တယ်ဆိုတာကို လက်ခံပါတယ် လမင်းငယ် . . .

  2. purplemay Says:

    ဖတ်လို့ကောင်းလိုက်တာ ။ ကွဲနေတဲ့အသည်းတောင် ပြန်ဆက်ချင်ချင်ဖြစ်သွားပြီ…..:)

  3. Thiha Yarzar Says:

    အင်း …….. တစ်ခါတစ်ရံမှာတော့ အချစ်ကအယောင်ဆောင်တတ်တယ်လေ …..

    ကိုယ်ကတော့ အယောင်ဆောင် အချစ်နဲ့ ကြုံခဲ့ပြီး နောင်တကြီးစွာရခဲ့ဘူးပါတယ် ….

    ဒီတော့ အချစ်ဟာ လမင်းငယ် ဖွင့်ဆိုသလိုသာ ဖြစ်ခဲ့ရင် ကိုယ်ကတော့ ကံဆိုးတာလို့ပဲ မှတ်ယူလိုက်ပါ့မယ်လေ ………………


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s